သား၊ သမီးများကို ရုပ်ရှင်နယ်ပယ်သို့ မဝင်ရောက် စေလိုဟု ဂျွန်နီဒိ(ပ်) ပြောကြား

alt

Pirates of Caribbean မင်းသား ဂျွန်နီဒိ(ပ်) က ၎င်း၏ သားသမီး များအား ရုပ်ရှင်နယ်သို့ မဝင်ရောက် စေလိုကြောင်း ထုတ်ဖေါ်ပြောကြား လိုက်သည်။

Public Enemy ဇာတ်ဆောင် မင်းသားသည် ကိုယ်တိုင်က ဟောလီးဝုဒ်၏ အကျော်ကြားဆုံး သရုပ်ဆောင် တဦးအဖြစ် အောင်မြင် နေသော်လည်း (၁၀)နှစ်သမီး လီလီရို့စ် နှင့် (၇)နှစ်သား ဂျက် တို့ကို မင်းသား၊ မင်းသမီး ဖြစ်လာမည်ကို အလွန် စိုးရိမ်လျှက် ရှိနေသည်။

ကလေးများကို အဖေ့ခြေရာ မနင်း စေချင်ကြောင်း၊ ရိုးရိုးသားသား ဆန္ဒမှာ သားသမီးများကို သရုပ်ဆောင် မဖြစ်လာစေရေး တခုသာ အကြီးမားဆုံး ရှိကြောင်း ဒိ(ပ်) က ဆိုသည်။ ထို့အပြင် ၎င်း၏ မိသားစုသည် ဘဝတွင် အရေးအကြီးဆုံး ဖြစ်ကြောင်းလည်း ဒိ(ပ်)က ၀န်ခံလိုက်သည်။

အသက် (၄၆)နှစ်ရှိ ဟောလီးဝုဒ် ညှို့မင်းသားက မိမိသည် အနုပညာသည် တဦး ဖြစ်သော်လည်း ဆုများ ရရှိနေခြင်းထက် မိသားစုက ပျော်ရွှင်နေသည် ကိုသာ ပိုမို တန်ဖိုးထားကြောင်း ပြောကြား သွားခဲ့သည်။

၎င်းသည် သရုပ်ဆောင် တဦးသာ ဖြစ်ပြီး သူရဲကောင်း တဦး လုံးဝ မဟုတ်ကြောင်း၊ မိမိ၏ ကလေးများ အထင်ကြီး လေးစားသည်ကို နှစ်သက်သော်လည်း ဖခင်တယောက် အဖြစ်သာ ဂုဏ်ယူချင်ပြီး မင်းသား တယောက်၏ ကျော်ကြားမှု အတွက် ဂုဏ် မယူချင်ကြောင်း၊ ကလေး နှစ်ဦးလုံး သရုပ်ဆောင် လိုင်းတွင် ၀ါသနာ မပါကြစေရန် မျှော်လင့်ကြောင်း သတင်းထောက် များအား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here