အီရတ်ပြည်သူ ၈၅၀၀၀ ကျော် ပြည်တွင်း စစ်မီးများ အတွင်း သေဆုံးခဲ့ရ

alt

အီရတ် အစိုးရက (၂၀၀၄) ခုနှစ်မှ (၂၀၀၈) ခုနှစ်အတွင်း အီရတ်ပြည်သူ (၈၅၀၀၀) ကျော် တို့သည် တိုင်းပြည်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် လုပ်ရပ်နှင့် တိုက်ပွဲများ အတွင်း သေဆုံး သွားခဲ့ရကြောင်း

အတည်ပြု ကြေညာ လိုက်သည်။

အီရတ် အစိုးရ၏ စစ်တမ်းအရ အောက်တိုဘာ (၁၃) ရက်နေ့ အထိ အီရတ်တွင် စစ်ပွဲနှင့် လူမျိုးရေး ပြဿနာ များကြောင့် သေဆုံးသူ (၈၅၆၉၄)ဦး ရှိခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကြေညာခြင်းသည် အမေရိကန် တပ်များ အီရတ်သို့ ၀င်ရောက် တိုက်ခိုက်ပြီးနောက် အစိုးရ၏ ပထမဆုံးသော သေဆုံးသူ စာရင်းကို အတိအကျ ထုတ်ပြန်ချက် ထွက်ပေါ် လာရခြင်းလည်း ဖြစ်လာခဲ့သည်။ လူပေါင်း (၁၄၇၁၉၅)ဦး တို့သည် ဗုံးခွဲမှု၊ ပစ်ခတ်မှုနှင့် အခြားသော ရုတ်ရုတ်သဲသဲ ကိစ္စရပ်များ အတွင်း ဒဏ်ရာများ ရရှိခဲ့သလို သေဆုံးသူများ အနက် (၁၅၀၀၀)ကျော် တို့မှာ မည်သူမည်ဝါ မှန်းပင် မသိတော့ကြောင်း ထိုစာရင်းက ဖော်ပြထားသည်။

အီရတ် ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်သော အဆိုပါ စာရင်းသည် သေစာရင်း (Death Certificate) ကို အခြေခံကာ ပြုစုထားခြင်း ဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here