iPhone ကို ရီမုတ် ကွန်ထရိုး အဖြစ် သုံးနိုင်မည်

alt

မော်တော်ကား တံခါးများကို ဖွင့်ရာတွင် အဝေးမှ ရီမုတ် ကွန်ထရိုးဖြင့် လှမ်းဖွင့် ခြင်းသည် ခေတ်စားသော အလေ့အထ တခုအဖြစ် ရပ်တည် လာသည်မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။

ယခုအခါ iPhone အသုံးပြုသူ များသည် ၎င်းတို့၏ ဖုန်းကို မော်တော်ကား ရီမုတ်အဖြစ် အသုံးပြု နိုင်တော့မည်ဟု သိရှိရသည်။ iTunes မှတဆင့် Download လုပ်ယူနိုင်သော ယင်း Application သည် iPhone ၏ ဘက်စုံ အသုံးတည့်မှုကို ပိုမိုပြည့်စုံ ကောင်းမွန် လာစေမည် ဖြစ်သည်။

ထို့အပြင် ယင်း Application သည် မော်တော်ကား၏ အပူအအေး စံနစ် များကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း တီထွင် ရေးဆွဲသူ Directed Electronics မှဆိုသည်။ Viper ၏ SmartStart ဟု အမည် ပေးထားသော ယင်း Application သည် မော်တော်ကား တံခါး အဖွင့်အပိတ် ပြုလုပ်ခြင်း၊ ကားတွင် တပ်ဆင်ထားသော Alarm ကို အဖွင့်အပိတ် ပြုလုပ်ခြင်း များပါ ဆောင်ရွက် နိုင်မည်ဟု သိရှိရသည်။

iPhone တွင် ယင်း Application ကို ထည့်သွင်း ထားပြီးနောက် ပေ(၃၀) အကွာမှ မော်တော်ကားအား လှမ်း၍ ထိန်းချုပ် ခိုင်းစေမှုမျာ ပြုလုပ်နိုင်မည်ဟု သိရှိရသည်။

Smart Start ကို အသုံးပြုသူများ အနေနှင့် (၄၉၉) ဒေါ်လာဖြင့် ၀ယ်ယူ နိုင်မည်ဖြစ်ပြီး နောက်ထပ် အသစ်ထွက်လာသည့် Service များကိုပါ ရယူလိုမည် ဆိုလျှင် နှစ်စဉ်ကြေး (၂၉.၉၉) ဒေါ်လာစီ ထပ်မံ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here