ခရစ်ယာန် ဘုန်းတော်ကြီး လွတ်မြောက်ရေး မိုရို အစ္စလာမ်မစ် သူပုန်အဖွဲ့အား ဖိလစ်ပိုင် အစိုးရ အကူအညီတောင်း

alt

ဖိလစ်ပိုင် အစိုးရက နိုင်ငံတွင်းရှိ ပြောက်ကျားသူပုန် များအား အဖမ်းခံ ထားရသည့် အိုင်ယာလန် နိုင်ငံသား ရိုမန် ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး ၏ လွတ်မြောက်ရေး အတွက် အကူအညီ ပေးပါရန်

တိုက်တွန်း လိုက်သည်။

မိုရို အစ္စလာမ်မစ် သူပုန်များသည် အင်အား (၁၁၀၀၀)မျှ ရှိပြီး ဖိလစ်ပိုင်၏ အင်အား အကြီးဆုံး အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ လည်း ဖြစ်သည်။ ၎င်းတို့သည် ဘုန်းတော်ကြီး မိုက်ကယ်ဆီနွတ် ပြန်လည် လွတ်မြောက်ရေး အတွက် ကူညီပေးရန် အသင့်ရှိကြောင်း သူပုန် ခေါင်းဆောင် မိုဟာဂါအစ်ဘေး က ယနေ့ ပြောကြားလိုက်သည်။

အသက် (၇၉)နှစ်ရှိ ဘုန်းတော်ကြီးသည် တောင်ပိုင်း ဇမ်ဘို အန်ဂါဒယ်ဆာ ခရိုင်ရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် အောက်တိုဘာ (၁၁)ရက် နေ့က အမည်မသိ လက်နက်ကိုင် တစု၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်သည်။

မူလက ဘုန်းတော်ကြီးအား ဖမ်းဆီးသွားသည်မှာ မိုရို အစ္စလာမ်မစ် များဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းအဖွဲ့နှင့် ရပ်တည်ချက် မတူညီသည့် အခြား လက်နက်ကိုင် အဖွဲ့တခုခု မှသာ ဖြစ်နိုင်ကြောင်း စစ်ဆေးပေါ်ပေါက် လာခဲ့သည်။

ဖိလစ်ပိုင် စစ်တပ်မှ တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဘန်ဂမင် ဒိုလော်ဖီနို က ၎င်းတို့သည် ရှာဖွေရေး လုပ်ငန်းများအတွက် အထောက်အကူပြုသည့် သတင်း အချက်အလက်များကို မိုရိုအစ္စလာမ်မစ် တို့ထံမှ ရယူ သွားမည်ဟု ပြောကြားခဲ့သည်။

ဘုန်းတော်ကြီးသည် ၎င်း အဖမ်းခံရသော ဒေသအနီး တောနက်ကြီး တခုတွင် အသက်ရှင်လျှက်သား ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဟု စစ်တပ်ကရော မိုရိုအစ္စလာမ်မစ် တို့ကပါ ယူဆထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here