ပါကစ္စတန်လေတပ် နယ်စပ်ဒေသရှိ စစ်သွေးကြွ များအား သည်းကြီးမဲကြီး ချေမှုန်းနေ

alt

ပါကစ္စတန် လေတပ်မှ တိုက်လေယာဉ် များသည် အာဖဂန်နစ္စတန် နှင့် နယ်စပ်အနီးရှိ ပြောက်ကျား သူပုန်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ (၉)ဦး သေဆုံး သွားခဲ့ရကြောင်း ပါဂီစစ်ဘက်

တာဝန်ရှိသူ များက ထုတ်ဖေါ် ပြောကြားလိုက်သည်။

အောက်တိုဘာ (၁၃)ရက် နေ့က ပြုလုပ်ခဲ့သော လေကြောင်း စစ်ဆင်ရေးသည် တောင်ပိုင်း ၀ါဇီရစ်စတန်ရှိ တာလီဘန် အခြေစိုက် စခန်းများကို ဦးတည်ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် အာဏာပိုင် များသည် ထိုကဲ့သို့သော တိုက်ခိုက်မှုများမှာ နယ်စပ်ဆိုင်ရာ ဥပဒေများနှင့် ငြိစွန်းမည်ကို စိုးရိမ်သဖြင့် လပေါင်းများစွာ လက်ရှောင် နေခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသေခံ ဗုံးခွဲမှုများနှင့် စစ်အခြေစိုက်စခန်းကို စီးနင်း တိုက်ခိုက်ခံရမှု များကြောင့် ယခုလို လက်တုန့်ပြန် ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် လေတပ်မှ အဆင့်မြင့် ဂျက်တိုက် လေယာဉ်များသည် ယခု သီတင်းပါတ် အတွင်း ယင်းဒေသရှိ စစ်သွေးကြွတို့ အခိုင်အမာ တပ်စွဲထားသည်ဟု ယူဆရသော နေရာများကို ဖိအားပေး တိုက်ခိုက်လျှက် ရှိသည်။ ပါကစ္စတန်သည် ပြီးခဲ့သည့် (၁၀)ရက် အတွင်း အကြမ်းဖက်သမား တို့၏ တိုက်ခိုက်မှုကြီး (၄)ခုနှင့် ကြံုခဲ့ရသည်။

ယင်းတို့အနက် မြို့တော် အစ္စလာမ်မာဘတ် ရှိ ကုလသမဂ္ဂ ရုံးတခုကို အသေခံဗုံးခွဲမှုနှင့် စစ်စခန်းတခုအား (၂၂)နာရီကြာ စီးနင်းထားခြင်း ခံရမှုများ ပါ၀င်သည်။ အမေရိကန် နိုင်ငံကမူ ပါကစ္စတန် အစိုးရ၏ အကြမ်းဖက် သမားများအား တိုက်ခိုက် နေမှုအပေါ် အကြီးအကျယ် ထောက်ခံ အားပေးနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here