မြောက်ကိုရီးယား က တောင်ကိုရီးယား ကို ရှားရှားပါးပါး တောင်းပန်မှုပြု

alt

ရပ်တည်ချက် မတူညီသော နိုင်ငံ နှစ်ခု၏ ဆက်ဆံရေး ဆိုင်ရာ သမိုင်း တလျှောက်တွင် မြောက် ကိုရီးယား က တောင်ကိုရီးယားအား ရှားရှားပါးပါး တောင်းပန်မှု တခု ယနေ့ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လက မြောက်ကိုရီးယား ရေကာတာ တခုမှ မကြေညာပဲ ရေများ ဖေါက်လွှတ် ခဲ့မှုကြောင့် တောင် ကိုရီးယား နိုင်ငံသား (၆)ဦး သေဆုံးသွားခြင်း အတွက် မိမိတို့ လွန်စွာနောင်တရ စိတ်မကောင်း ဖြစ်မိကြောင်း အောက်တိုဘာ (၁၃)ရက် နေ့က မြောက်ကိုရီးယားက တရားဝင် တောင်းပန်ခဲ့သည်။

ဆိုးလ်မြို့တော်ရှိ တောင်ကိုရီးယား အစိုးရက နှစ်နိုင်ငံမှ ကိုယ်စားလှယ် များသည် ရေလွှမ်းမိုးမှု ကြိုတင် ကာကွယ်ရေး စီမံကိန်းများ အတွက် ဆွေးနွေးနေစဉ် ယခုလို မြောက်ကိုရီးယားက တောင်းပန်ခဲ့ခြင်းဟု အတည်ပြု ခဲ့သည်။

သဘောထား တင်းမာလှသော ပြံုယမ်း အခြေစိုက် အစိုးရသည် တောင်ကိုရီးယား အာဏာပိုင်များနှင့် အောက်တိုဘာ (၁၆)ရက် နေ့တွင် သီးခြား တွေ့ဆုံမှုများ ပြုလုပ်ရန် စီစဉ် ထားသေးသည်။ အောက်တိုဘာ (၁၂)ရက် နေ့က မြောက်ကိုရီးယား သည် အရှေ့ဘက် ကမ်းခြေမှ တာတိုပစ် ဒုံးကျည် (၅)စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့သေး သော်လည်း ထိုလုပ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှုကို မထိခိုက်နိုင်ဟု တောင်ကိုရီးယား အစိုးရက မျှော်လင့်ထားကြောင်း ထုတ်ဖော် ကြေညာထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here