လက်ဝတ် ရတနာများ ခိုးယူလေ့ရှိ ဆိုသော စွပ်စွဲချက် များကြောင့် လင်ဆေးလိုဟန် ဒေါသထွက်နေရ

alt

ဓာတ်ပုံရိုက်ရန် ငှားရမ်းထားသော လက်ဝတ် ရတနာများအား ခိုးယူလေ့ ရှိသည်ဟု စွပ်စွဲမှုများအား လင်းဆေး လိုဟန် က ဒေါသတကြီး တုန့်ပြန် ပြောကြားလိုက်သည်။

Mean Girl ဇာတ်ကားမှ မင်းသမီးက ထို သတင်းများသည် သူမအား အပုပ်ချခြင်းသာ ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။ လိုဟန်သည် Arielle de Pinto ထံမှ ကျောက်မျက်ရတနာ များကို ပဲရစ်ဖက်ရှင် သီတင်းပါတ် အတွင်းက ငှားရမ်း ၀တ်ဆင်ခဲ့ပြီး ကတိအတိုင်း ပြန်လည် အပ်နှံခဲ့ခြင်း မရှိကြောင်း သတင်းကြီး နေခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး လိုဟန်က Twitter မှတဆင့် ယင်း ဖော်ပြချက် များသည် အမှားများသာ ဖြစ်ကြောင်း၊ အဆိုပါ ကုမ္မဏီနှင့် သူမတို့သည် ယခု အချိန်အထိ မိတ်ဆွေများ အဖြစ် ခိုင်ခိုင်မာမာ တည်ရှိနေကြောင်း၊ ထို သတင်းများကို ဖတ်ပြီး အပျင်းပြေ ရယ်မော မိနေကြကြောင်း လှောင်ပြောင် ရေးသားမှုသာ ဖြစ်သည်ဟု သူမက ဆိုသည်။

သို့သော်လည်း လိုဟန်သည် ယင်းသို့သော ပြဿနာ များတွင် ယခင်က နာမည်ပျက် ရှိခဲ့ဖူးသော မှတ်တမ်းကို ပိုင်ဆိုင် ထားသူဖြစ်သည်။ ဩဂုတ်လ အတွင်းက Beverly Hills ရတနာလုပ်ငန်းမှ အသက်(၂၃)နှစ် အရွယ် အဆိုတော် မင်းသမီးသည် ဒေါ်လာ(၂)သန်းတန် လက်ဝတ် လက်စားများကို ငှားရမ်းဝတ်ဆင်ပြီး ပြန်မပေးခဲ့ဟု ဆိုကာ တရားစွဲ ဆိုခဲ့ခြင်း ရှိခဲ့ဖူးသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here