ဂါဇာဒေသ ဥမင်လှိုင်ခေါင်း တခုအား အစ္စရေးလေတပ် ပစ်ခတ်တိုက်ခိုက်

alt

အောက်တိုဘာလ (၁၃)ရက် နေ့က အစ္စရေး လေတပ်မတော်က ဂါဇာဒေသရှိ ဥမင်လှိုဏ်ခေါင်း တခုအား ပစ်ခတ် တိုက်ခို်က်ခဲ့ရာ လူ(၁)ဦး သေဆုံးပြီး ၄ဦးဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

ဟားမတ် ပြောက်ကျားများ ဖြတ်သန်း သွားလာလေ့ရှိသည့် ဂါဇာနှင့် အီဂျစ်ကြားမှ ယင်းဥမင်ကို အစ္စရေးတို့ ပစ်ခတ်ခဲ့ရာ (၂၃)နှစ် အရွယ် ပါလက်စတိုင်း အမျိုးသားတဦး သေဆုံးပြီး (၄)ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း ပါလက်စတိုင်း ဆေးဝန်ထမ်း များက ဆိုသည်။

အစ္စရေး တပ်မတော်က ၎င်းတို့သည် ဂါဇာရှိ ဥမင်နှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ အစ္စရေး နိုင်ငံသို့ ဟားမတ်တို့ ပစ်ခတ်လိုက်သော ဒုံးကျည်တစင်း အောက်တိုဘာ (၁၂)ရက် နေ့ညပိုင်းက ကျရောက် ပေါက်ကွဲ ခဲ့သော်လည်း ထိခိုက် သေဆုံးမှု မရှိခဲ့ပေ။

သို့သော်လည်း ယင်းအတွက် အစ္စရေးက ယခုလို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။ အစ္စရေးနှင့် အီဂျစ်တို့သည် ဂါဇာကို အခြေပြုကာ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက် နေကြသော်လည်း (၂၀၀၇) ခုနှစ် နောက်ပိုင်း ဟားမတ် တို့သည် ဂါဇာရှိ ရာပေါင်း များစွာသော ဥမင်အတွင်း ခိုအောင်းနေကာ ကုန်ပစ္စည်းများကို ကြားဖြတ် လုယူလေ့ ရှိကြသည်။

အစ္စရေးသည် ပါလက်စတိုင်းနှင့် အပစ်အခတ် ရပ်စဲထားသည့်တိုင် ယင်း ဥမင်များအား စီးနင်း တိုက်ခိုက်မှုမှာ ယခု နှစ်ပိုင်းအတွင်း အရေအတွက် ပိုမိုများပြား လာနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here