ကစားသမားဟောင်း ဟက်စကီး အား ခေါ်ယူရန် ဘင်နီတက်စ် စဉ်းစားနေ

alt

လီဗာပူး၏ တိုက်စစ်ကို အင်အား ဖြည့်တင်းရန် အသင်း ကစားသမား ဟောင်း အမလီ ဟက်စကီးအား ကမ်းလှမ်းသွားရန် နည်းပြ ရာဖေးလ် ဘင်နီတက်စ် က စဉ်းစားနေကြောင်း သိရှိရသည်။

အင်္ဂလန် လက်ရွေးစင် ဟက်စကီး အား ဘင်နီတက်စ်က နွေရာသီ အပြောင်း အရွှေ့ ကာလအတွင်း ခေါ်ယူနိုင်ရန် အခွင့်အရေး ရရှိ ခဲ့သော်လည်း ဟက်စကီး သည် ၀ီဂန်မှ အက်စတွန်ဗီလာ သို့ ပြောင်းရွှေ့သွားခဲ့ သဖြင့် နောက်ကျ သွားခဲ့ရသည်။

အင်္ဂလန် လက်ရွေးစင်အသင်း နည်းပြကြီး ဖေဘီယို ကာပယ်လို သည် အင်္ဂလန်၏ အဓိက တိုက်စစ်မှူး ၀ိန်းရူနီအား ပံ့ပိုးရန် ကြံ့ခိုင်မှု ကောင်းမွန်သော ဟက်စကီးအား တွဲဖက်ပေးခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ဘင်နီတက်စ်က ၎င်းအား ခေါ်ယူရန် စိတ်ဝင်စား လာခြင်း ဖြစ်သည်။

ဟက်စကီးသည် ဗီလာအသင်းသို့ ပေါင်စတာလင် (၃.၅) သန်းဖြင့် ရောက်ရှိလာပြီး အသင်းနှင့် (၂၀၁၂) ခုနှစ် အထိ စာချုပ်ထားသူ ဖြစ်သည်။ သိုု့သော်လည်း ဘင်နီတက်စ်က ဟက်စကီးအား ပေါင် (၁.၅)သန်းဖြင့် ပြန်လည် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။

ဟက်စကီး အနေနှင့် လီဗာပူးသို့ ရောက်ရှိလာပါက ၎င်း၏ တွန်းအားကြောင့် ဖာနန်ဒိုတောရက် နှင့် စတီဖင်ဂျာရတ် တို့အတွက် ဂိုးသွင်းခွင့် အမြောက်အမြား ရရှိလာမည်ဟု ဘင်နီတက်စ်က မျှော်လင့်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here