ကမာ့္ဘ အသက်အငယ်ဆုံး ဉာဏ်ရည် မြင့်မားလှသည့် ကလေးငယ်

alt

အသက် (၂)နှစ်သာ ရှိသေးသော ဗြိတိန် ကလေးငယ် တဦးတွင် စတီဖင် ဟော့ကင်း၊ အဲလ်ဘတ် အိုင်းစတိုင်း တို့နှင့် အဆင့်တူ ဉာဏ်ရည်မျိုး ပိုင်ဆိုင် နေကြောင်း သိရှိရသည်။

အော်စကာ ရစ်ဂလေ သည် IQ အဆင့် (၁၆၀) အထက်တွင် ရှိနေပြီး ယင်း ပမာဏသည် လူပေါင်း သန်းနှင့်ချီတွင် တဦးမျှသာ ပိုင်ဆိုင်နိုင်သော ဉာဏ်ရည် ဉာဏ်သွေးလည်း ဖြစ်သည်။

ထို့ကြောင့်လည်း IQ အဆင့် (၁၆၀) အထက် ပုဂ္ဂိုလ် များကိုသာ စုစည်း ထားသည့် Mensa အမည်ရှိ ဉာဏ်ရည်မြင့်သူများ အသင်းအဖွဲ့တွင် အော်စကာမှာ အသက်အငယ်ဆုံး Member ဖြစ်လာခဲ့ရသည်။

Mensa အဖွဲ့၏ အမှုဆောင်ချုပ် ဂျွန်စတီဖင်ဆင်က အော်စကာ့ အသက် (၂)နှစ်၊ (၅)လနှင့် (၁၁)ရက်တွင် Mensa တဦး ဖြစ်လာသည့် အတွက် ဂုဏ်ယူ ကြိုဆိုကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်။ အော်စကာသည် (၉)လ အရွယ်၊ စကား စပြောတတ်ချိန် ကတည်းက စူးစမ်းလိုစိတ် အလွန်များပြီး အရာရာကို မေးမြန်း နေလေ့ရှိသည်။ ၎င်းသည် (၁)နှစ်ခွဲတွင် အင်္ဂလိပ် အက္ခရာများကို အလွတ် ရွတ်ဆိုနိုင်ပြီး (၂)နှစ် ပြည့်ချိန်တွင် စကားလုံးပေါင်း ထောင်နှင့်ချီပြီး နားလည်နေပြီဟု မိဘများက ပြောကြားခဲ့သည်။

အင်္ဂလန်နိုင်ငံ၊ ဆူလီဟူရှိ Gifted Child Information စင်တာက အော်စကာ၏ ဉာဏ်ရည်အား အမျိုးမျိုးသော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယင်း ကလေးငယ်သည် အိုင်းစတိုင်း နှင့် အဆင့်တူ ဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားကြောင်း အတည်ပြု ကြေညာ သွားခဲ့သည်။

နောက်ထပ် ကမာ္ဘ့အငယ်ဆုံး ဉာဏ်ကြီးရှင်များ အသင်း မီဆာ အသင်းဝင် တဦးမှာ အင်္ဂလန် မြောက်ပိုင်း အက်မွန်တန် အရပ်မှ ၂နှစ် အရွယ် မိန်းခလေး အလီဆီ တန် ရောဘတ် ဆိုသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here