အမျိုးသမီးများ၏ အလှအပ ဘဝကို ဂျက်ဆီကာဆင်ဆမ် လေ့လာမည်

alt

ဂျက်ဆီကာ ဆင်ဆမ်သည် ကမာ္ဘအနှံ့ရှိ အမျိုးသမီးများ၏ အလှအပ ဘဝကို လေ့လာရန် အတွက် Documentary ရုပ်ရှင်တခုအား ကမာ္ဘလှည့် ရိုက်ကူး သွားမည်ဖြစ်သည်။

ဆင်ဆမ်သည် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဂေရှားမယ် တဦးအဖြစ် အစမ်း နေထိုင်ကြည့်မည် ဖြစ်ပြီး ယူဂန္ဓာရှိ အမျိုးသမီး တဦး၏ မင်္ဂလာဆောင် အတွက်လည်း ကူညီသွားမည် ဖြစ်သည်။

ယခု အစီအစဉ်ကို The Price of Beauty ဟု အမည်ပေးထားပြီး ကမာ္ဘ့နိုင်ငံ အသီးသီးရှိ အမျိုးသမီးများ၏ အလှအပနှင့် ပတ်သက်သော အမြင် ကွဲပြားမှုများကို မှတ်တမ်းတင် သွားမည်ဖြစ်သည်။

ဥပမာ အားဖြင့် ယူဂန္ဓာ နိုင်ငံရှိ အမျိုးသမီး များအတွက် ၀ဖြိုးခြင်းသည် အလှ တိုးခြင်းဟု ခံယူ ထားကြသည်။ ထို့ကြောင့် ဆင်ဆမ်သည် ပိုမိုလှပ ၀ဖြိုး လာစေရန် ရည်ရွယ်ချက်ဖြင့် အစားအသောက် များများ စားနေသော ယူဂန္ဓာ သတို့သမီးလောင်း တဦးအား ကူညီပေးသွားမည် ဖြစ်သည်။

ထို မိန်းကလေးသည် လက်ထပ်ပွဲ မကျင်းပမီ (၃)လ နီးပါးမျှ အစားအသောက် တနေ့ကယ်လိုရီ (၅၀၀၀) ကျော်အောင် စားနေသူ ဖြစ်သည်။ သို့မှသာ သတို့သား၏ မျက်စိထဲတွင် ၀၀တုတ်တုတ် နှင့် အလွန် လှပနေမည်ဟု သိရှိရသည်။

ထို ကဲ့သို့သော မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခွင့် ရသည့်အတွက် အလွန် ကျေနပ်ပျော်ရွှင်ကြောင်း ဆင်ဆမ်က ဆိုသည်။ ထို့အပြင် ကမာ္ဘ အရပ်ရပ်တွင် အမျိုးသမီးများ၏ အတွေးအခေါ်၊ ဓလေ့စရိုက် ပြောင်းလဲ သွားခြင်းမှာ အလွန် စိတ်ဝင်စားစရာ ကောင်းကြောင်းလည်း ဆင်ဆမ်က ၀န်ခံပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here