နျူကလီးယား အဆုံးသတ်ရေး ဆွေးနွေးပွဲများတွင် အသာစီးရရန် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်

alt

ထိပ်သီး (၆) နိုင်ငံနှင့် နျူကလီးယား ဆိုင်ရာနှီးနှော ဆွေးနွေးမှု ပြုလုပ် သွားရန် ဆန္ဒရှိနေကြောင်း ကြေညာ ပြီးမှ ဒုံးကျည်များ စမ်းသပ် ပစ်လွှတ် လိုက်ခြင်းသည် နိုင်ငံရေးအရ အသာစီး

ရယူရန် မြောက်ကိုရီးယား က ဗျူဟာ ဆင်လိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာ သူများက သုံးသပ်ခန့်မှန်း ခဲ့ကြသည်။

တောင်ကိုရီးယား အခြေစိုက် ယွန်ဟပ် သတင်းဌာနက အောက်တိုဘာ (၁၂)ရက် နေ့တွင် မြောက်ကိုရီးယား တို့သည် အရှေ့ဘက် ကမ်းခြေရှိ ကန့်သတ် ဇုန်မှ တာတိုပစ် ဒုံးကျည် (၅)စင်း ထက်မနည်း ပစ်လွှတ်ခဲ့ကြောင်း ကြေညာ သွားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် ယင်း ဒေသအနီးရှိ ပင်လယ်ပြင်တွင် သင်္ဘောများ ဖြတ်သန်းခွင့်ကို အောက်တိုဘာ (၂၀)ရက် နေ့အထိ ပိတ်ပင်ထားကြောင်း ယွန်ဟပ် နှင့် ဂျပန်ကမ်းခြေစောင့် တပ်တို့က အတည်ပြု ပြောဆို ထားလိုက်သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကမူ မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှုကြောင့် ဆွေးနွေးပွဲများ ပျက်ပြယ် သွားနိုင်သည် ဆိုသော ခန့်မှန်းချက် များအား ပယ်ချငြင်းဆန် သွားခဲ့သည်။

ယွန်ဟပ်က မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် ယခု လတ်တလော ရက်များအတွင်း တွင်ပင် နောက်ထပ် ဒုံးကျည်များ စမ်းသပ် ပစ်ခတ်နိုင်သေးကြောင်း ခန့်မှန်းထားပြီး နောက်တကြိမ် စမ်းသပ်ပါက အနောက်ဘက် ကမ်းခြေကို အသုံးပြုဖွယ် ရှိကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန ကမူ ယွန်ဟပ် မှ ဖော်ပြသော သတင်းနှင့် ပတ်သက်ပြီး မှတ်ချက် မပေးလိုကြောင်း ရှောင်လွှဲ ဖြေကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here