ချစ်သူကြောင့် မိုင်လီဆိုင်းရပ်စ် Twitter နှင့် လမ်းခွဲလိုက်ပြီ

alt

Hannah Montana ဇာတ်ကားမှ နာမည်ကျော် မင်းသမီးလေး မီလီဆိုင်းရပ် သည် Twitter ကို ဆက်သုံးတော့မည် မဟုတ်ဟု အတည်ပြု ကြေညာ လိုက်သည်။

မီလီက သူမ၏ ပရိသတ်နှင့် အရင်းနှီးဆုံး ဆက်ဆံရာ နေရာလေး တခုသဖွယ် တည်ရှိနေသည့် Social Networking ၀ဘ်ဆိုဒ်မှ Account ကို ဖျက်ပစ် လိုက်ပြီဟု YouTube တွင် Video တခု လွှင့်တင်ကာ ပရိသတ်အား အသိ ပေးခဲ့သည်။

မီလီ ၏ ချစ်သူသစ်ဟု နာမည်ကြီး နေသည့် လီရမ်ဟမ်းဝေါ့စ် ၏ မကြာသေးမီ ကမှ မီလီအား Twitter မသုံးရန် အကြံပေးမှု ပြုလုပ်ခဲ့ အပြီး ယခုလို Twitter ကို စွန့်ခွာသွားခြင်း ဖြစ်သည်။ သို့သော်လည်း သူမTwitter ကို ကျောခိုင်း သွားခြင်းသည် လီရမ်ကြောင့် မဟုတ်ကြောင်း မီလီက အတည်ပြု ထပ်လောင်း ပြောဆိုခဲ့သည်။

သူမ၏ ဘဝကို လက်ရှိထက် ပို၍ Private ဆန်ချင်သောကြောင့် ကမာ္ဘကျော် Social Networking ၀ဘ်ဆိုဒ်အား အမြဲချိတ်ဆက် အသုံးပြုနေခြင်းကို စွန့်လွှတ် လိုက်ခြင်းဟု မီလီက ဆိုသည်။

မီလီ၏ ဖခင် Country အဆိုတော် ဘီလီရေး ဆိုင်းရပ်က သမီးဖြစ်သူအား Twitter အား ဆက်လက် အသုံးပြုရန် တိုက်တွန်းခဲ့ သေးသော်လည်း မအောင်မြင်ဘဲ မီလီက Account ကို ဖျက်ပစ်ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here