လက်ချောင်းများ ဆုံးရှုံးခဲ့ရသည့် ကျောင်းသူအတွက် ကျောင်းမှ လျော်ကြေးပေးရန် အမိန့်ချ

alt

အနုပညာ လက်တွေ့ သင်ခန်းစာ သင်ကြား နေရင်း လက်ချောင်းများ အားလုံးနီးပါး ဆုံးရှုံးသွားမှုကို ကြံုခဲ့ ရသည့် ကျောင်းသူ တဦးအား

လျော်ကြေး ပေါင်စတာလင် (၁၉၀၀၀) ပေးဆောင်ရန် အင်္ဂလန် အရှေ့ပိုင်းရှိ ကျောင်း တကျောင်းအား တရားရုံးက အမိန့်ချမှတ် လိုက်သည်။

ဆယ်ကျော်သက် အရွယ် ကျောင်းသူလေးသည် (၂၀၀၇)ခုနှစ်၊ ဇန်နဝါရီ လက ထိုကျောင်းတွင် အနုပညာ သင်ခန်းစာ အဖြစ် ပလာစတာကို အသုံးပြုပြီး ရုပ်တု ထုလုပ်နေရင်း အပူလောင်ကာ လက်ချောင်းများ အားလုံးလိုလို ပြတ်တောက် သွားခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် အတွင်း သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ပေါ့လျော့စွာ သတိမမူ ခဲ့ကြကြောင်း တရားရုံးက သတ်မှတ်ကာ ယခုလို ဒဏ်ကြေး ပေးဆောင်စေခဲ့ခြင်း ဖြစ်သည်။ ဘော်စတွန် မိန်းကလေး ကျောင်းရှိ အဆိုပါ သင်ခန်းစာတွင် အသုံးပြုသော ပလာစတာသည် အပူချိန် (၆၀) ဒီဂရီ ဖာရင်ဟိုက်ထိ ရှိနေသော်လည်း တာဝန်ကျ ဆရာ/မ များက သတိမမူခဲ့ကြောင်း တရားရုံးက ဖော်ထုတ် ပြောဆိုခဲ့သည်။

မိန်းကလေး၏ အမည်ကို မပြောကြားသော်လည်း (၃)နှစ်နီးပါး ကြာမြင့်နေသည့် စုံစမ်း စစ်ဆေးမှုများကို ယခုအခါ အဆုံးသတ်ပြီး မိန်းကလေးအား အမှုအနိုင် ပေးလိုက်ပြီ ဖြစ်သည်။ မိန်းကလေးသည် လက်ချောင်းများ အပူလောင် ပြတ်တောက်မှုကြောင့် Operation (၁၂)ကြိမ် ပြုလုပ်ခဲ့ရပြီး လက်တဖက်တွင် လက်ချောင်းလုံးဝ မရှိတော့ဘဲ ကျန်တစ်ဖက်တွင် (၂)ချောင်းသာ ဒဏ်ရာများဖြင့် ကျန်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here