အေစီမီလန် ကစားသမား ရော်နယ်ဒင်ညို ရွှေခြေထောက်ဆု ဆွတ်ခူး

alt

အေစီမီလန် ကစားသမား ရော်နယ်ဒင်ညို သည် အကောင်းဆုံး ရွှေခြေထောက် ပိုင်ရှင်ဆုကို ဆွတ်ခူး ရရှိသွားကြောင်း သိရှိရသည်။

အသက် (၂၉)နှစ် အထက် ကစားသမား များအား ရွေးချယ် ပေးအပ်လေ့ ရှိသော ရွှေခြေထောက် ပိုင်ရှင်ဆုကို (၂၀၀၃) ခုနှစ်က စတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ရော်နယ်ဒင်ညို မတိုင်ခင်က ဘရာဇီး ကစားသမားများ အနက် ရော်နာဒို နှင့် ရော်ဘက်တို ကားလော့စ်တို့ ရရှိ ခဲ့ဖူးသည်။

ထိုဆု၏ ဆန်ခါတင် စာရင်းတွင် ရောဂွန်ဇာလက်၊ ဒေးဗစ်ဘက်ခမ်း၊ ဖရန်ဆက်ဆကို တော့တီ၊ ဂီယန်လီဂီဘတ်ဖွန်၊ စတီဖင်ဂျာရတ်၊ လူးဝစ်ဖီဂို၊ ရိုင်ယန်ဂစ်၊ ဒေးဗစ်ထရာဇီဂူး နှင့် ဒေးဗစ်ဘက်ခမ်း တို့ကဲ့သို့ နာမည်ကြီးများ ပါ၀င် နေသော်လည်း ရော်နယ်ဒင်ညိုက ဖြတ်ကျော်ပြီး ဆုရရှိ သွားခြင်း ဖြစ်သည်။

ထိုဆုကို အောက်တိုဘာ (၁၂)ရက် နေ့ညပိုင်းက မွန်တီကာလို တွင် ရော်နယ်ဒင်ညို က လက်ခံ ရယူခဲ့သည်။ (၂၀၀၃) ခုနှစ်က စတင် ပေးအပ်ခဲ့သော ဆုကို အီတလီ စီးရီးအေတွင် ကစားနေသော ဘောလုံးသမား များက အဓိက ရရှိလေ့ ရှိကြသည်။

အင်္ဂလန် လက်ရွေးစင် ကပ္ပတိန်ဟောင်း ဘက်ခမ်း မှာမူ (၂၀၀၃) ခုနှစ် ကတည်းက နှစ်စဉ်နှစ်တိုင်း ရွှေခြေထောက် ပိုင်ရှင်ဆု အတွက် ဆန်ခါတင် စာရင်းတွင် ပါ၀င်ခဲ့သည့် တဦးတည်းသော ဘောလုံးသမား ဖြစ်သော်လည်း ထိုဆုကို တကြိမ်မှ မရဖူးသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here