အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေ

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ပြီးခဲ့သည့် သီတင်းပါတ် အကုန်က ဗြိတိန်သို့ ရောက်ရှိ လာခြင်းသည် ဗြိတိန်နှင့် အမေရိကန်ကြား ခိုင်မာ အားကောင်းသော ဆက်ဆံရေး တည်ရှိနေဆဲ ဆိုသည့် ပြယုဂ်ပင်

ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရများက ကြေညာ လိုက်ကြသည်။

ဟီလာရီသည် ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းနှင့် လန်ဒန်တွင် အောက်တိုဘာ (၁၁)ရက် နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးသည် အလွန် ကောင်းမွန်နေကြောင်း သတင်းထောက် များထံ ပြောကြား ခဲ့သည်။

ခေါင်းဆောင် နှစ်ဦးသည် ပုဂ္ဂိုလ်ရေး သီးသန့် အမြင်ချင်း ဖလှယ်မှုများ ပြုလုပ် ခဲ့ပြီးနောက် ဟီလာရီက အကောင်းဆုံး ဆိုသော စကားသည်ပင် မိမိတို့ နှစ်နိုင်ငံ ဆက်ဆံရေးကို ဖော်ပြရန် လုံလောက်မှု မရှိကြောင်း ပြောကြားခဲ့သည်။ ထိုသို့ မတွေ့ဆုံမီ နိုင်ငံခြားရေးဌာန အတွင်းရေးမှူး ဒေးဗစ်မေးဘန်း က ခေါင်းဆောင် နှစ်ဦး၏ ဆွေးနွေးမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် သမိုင်းဝင် မှတ်တိုင်တခု ဖြစ်လာနိုင်ကြောင်း မှတ်ချက် ပေးခဲ့သေးသည်။

ယခု ဆွေးနွေးပွဲ အတွင်း ဟီလာရီနှင့် ဘရောင်းတို့သည် အီရန်အရေး၊ အာဖဂန်နစ္စတန် အရေးနှင့် ကမာ္ဘကြီး ပူနွေး လာမှုဆိုင်ရာ ကိစ္စများကို အသားပေး ပြောဆို သွားခဲ့သည်။ ဗြိတိန် အစိုးရသည် ပြီးခဲ့သည့် လပိုင်းက လော့ကာဘီ လေယာဉ် ဗုံးခွဲသမားအား ပြန်လွှတ် ပေးခဲ့ပြီးနောက် အမေရိကန်က ကန့်ကွက်ခဲ့သလို အာဖဂန်ရှိ ဗြိတိန်တပ်များ ဆက်လက် ချထားရေး အတွက် သဘော ကွဲလွဲမှုများ ဖြစ်ပေါ်နေသဖြင့် အမေရိကန်-ဗြိတိန် ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။

သို့သော်လည်း မိမိတို့ နှစ်နိုင်ငံသည် စစ်ရေး၊ နိုင်ငံရေးအရ အရင်းနှီးဆုံး မဟာမိတ်များ အဖြစ် ထာဝရ ဆက်လက် တည်မြဲနေမည်ဟု ဟီလာရီက ဗြိတိန် သတင်းထောက် များအား ထုတ်ဖော် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here