တေးသရုပ်ဖော် ဇာတ်ကားတွင် သရုပ်ဆောင်ချင်ဟု စကားလက် ဂျိုဟန်ဆန် ဖွင့်ဟ

alt

တေးသရုပ်ဖော် ရုပ်ရှင်ဇါတ်ကားတွင် သရုပ်ဆောင် ချင်သော ဆန္ဒကို သူမ အနေနှင့် ကွယ်ဝှက် မထားကြောင်း စကားလက် ဂျိုဟန်ဆင်က ပြောကြား လိုက်သည်။

အသက် (၂၃)နှစ် အရွယ် အမေရိကန် ရုပ်ရှင်မင်းသမီးက သူမ ဘဝတွင် ထို ကဲ့သို့သော ဇာတ်ကားမျိုး ခမ်းခမ်းနားနား သရုပ်ဆောင်ခွင့် ရလိုကြောင်း Spinner နှင့် အင်တာဗျူးတွင် ထုတ်ဖော်ဝန်ခံ သွားခဲ့သည်။

သူမသည် ငယ်စဉ် ကတည်းက သရုပ်ဆောင် ၀ါသနာ ပါကြောင်း၊ အဓိက အားဖြင့် ဘရော့ဝေး ပြဇာတ်ရုံနှင့် တေးသရုပ်ဖော် ရုပ်ရှင်များတွင် သရုပ်ဆောင် လိုကြောင်း စကားလက် က ဆိုသည်။

သူမသည် ပီတီယွန်း နှင့်အတူ သီချင်းအယ်ဘမ် ထုတ်ဝေထားပြီး အသံကိုလည်း အမြဲလေ့ကျင့် နေလေ့ရှိကြောင်း ပြောကြား လိုက်သည်။ သူမ၏ အမြဲတမ်း အိပ်မက်မှာ သီချင်းဆိုရင်း သရုပ်ဆောင်ရသည့် တေးသရုပ်ဖော် ဇာတ်ကား တခုတွင် ခေါင်းဆောင် ပါ၀င်ခွင့် ရရှိရေးပင် ဖြစ်သည်ဟု စကားလက် က ဆိုသည်။

ယခု နောက်ပိုင်း အမေရိကန် ရုပ်ရှင်လောကတွင် ထိုသို့ဇာတ်ကားများ ပြန်လည် ခေတ်စားနေသလို Chicago၊ Hairspray နှင့် Mamma Mia တို့ကဲ့သို့ ဇာတ်ကားများကို တကျော့ပြန် ဆန်းသစ်ပြီး အောင်မြင်မှုများ ရရှိနေသည်။ စကားလက် သည် ယခုအခါ Iron Man 2 ဇာတ်ကားအတွက် အာရုံစိုက်နေရပြီး ထိုဇာတ်ကားကို (၂၀၁၁)ခုနှစ်၊ နွေရာသီတွင် ရုံတင်ပြသမည် ဖြစ်သည်။

Iron Man 2 တွင် စကားလက်မှာ ရုရှားသူလျှိုမယ် Black Widow အဖြစ် သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားသည် ယခု ကတည်းက ပရိသတ် စိတ်ဝင်စားမှုကို ရရှိနေပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြနေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here