ဖိလစ်ပိုင်တွင် ပြန်ပေးဆွဲခံရသည့် ခရစ်ယာန် သာသနာပြုအား ရှာဖွေလျှက်ရှိ

alt

ဖိလစ်ပိုင် ရဲတပ်ဖွဲ့နှင့် စစ်ကြောင်း များသည် ပြန်ပေးဆွဲ ခံလိုက်ရသည့် အိုင်ယာလန် နိုင်ငံသား ခရစ်ယာန် သာသနာပြု ကို လိုက်လံရှာဖွေ နေကြောင်း သိရှိရသည်။

အသက် (၇၈)နှစ်ရှိ ဘုန်းတော်ကြီး မိုက်ကယ်ဆင်နွတ် အား လက်နက်ကိုင် အကြမ်းဖက် သမားများက နိုင်ငံ၏ တောင်ပိုင်းရှိ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များ တည်ရှိရာ ဒေသအတွင်း ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အောက်တိုဘာ (၁၁)ရက်နေ့ ညပိုင်းက မိုက်ကယ် အဖမ်းခံရပြီး နောက်တနေ့ တွင်ပင် အစိုးရတပ် များက ရှာဖွေရေး လုပ်ငန်းများကို ဇောက်ချ ဆောင်ရွက်လာခြင်း ဖြစ်သည်။ ယခု ပြန်ပေးမှုအား မည်သည့် အဖွဲ့အစည်း ကမှ ၀န်ခံခြင်း မရှိသော်လည်း ပြီးခဲ့သော ဆယ်စုနှစ်များ အတွင်း ရိုမန်ကက်သလစ် သာသနာပြု များကို ဖမ်းဆီး သွားလေ့ရှိသည့် အယ်ကိုင်းဒါးမှ ထောက်ပံ့ထားသော မွတ်ဆလင် ပြောက်ကျားများ၏ လက်ချက် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူ များက ယူဆ ထားကြသည်။

စစ်ဘက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးရေမွန် ဒေးဗစ် ဟွန်တီဗာရာ က ၎င်းတို့သည် ရှာဖွေရေး လုပ်ငန်းများကို စတင်နေပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မိုက်ကယ်အား မော်တော်ဘုတ်ဖြင့် ဖမ်းဆီး သွားရာနေရာဟု ယူဆရသည့် တူကူရန်း မြို့ကို အဓိကထား ရှာဖွေ သွားမည်ဟု ပြောကြား သွားခဲ့သည်။

အယ်ကိုင်းဒါး အကြမ်းဖက် သမားများနှင့် ဆက်နွယ်နေသည့် အဘူဆာယက် ဦးဆောင်သော စစ်သွေးကြွ များသည် ယခု ပြန်ပေးမှု အတွင်း အဓိက ဆက်နွယ်နေသည်ဟု ယူဆ ရကြောင်းလည်း မနီလာမှ လာသော သတင်းများတွင် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here