အာဆင်နယ်ကို စွန့်ခွာခဲ့ခြင်း အတွက် အလက်ဇန်းဒါး ဟဲဘ် နောင်တ ရနေ

alt

အာဆင်နယ်ကို စွန့်ခွာ ခဲ့ခြင်းသည် မိမိဘဝတွင် အကြီးမားဆုံး အမှားတခု ဖြစ်ကြောင်း အလက်ဇန်းဒါး ဟဲဘ် က ပြောကြား လိုက်သည်။

အသက် (၂၈)နှစ် ရှိပြီဖြစ်သော ဘော့စနီးယား လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးသည် အာဆင်နယ်တွင် အကောင်းဆုံး ခြေစွမ်း ပြနိုင် ခဲ့သော်လည်း နည်းပြ အာဆင်းဝင်းဂါး အတန်တန် တားမြစ်နေသည့် ကြားမှ စပိန် ထိပ်သီး ဘာစီလိုနာသို့ (၂၀၀၈)ခုနှစ်၊ နွေရာသီက ပြောင်းရွှေ့ခဲ့သည်။

၎င်းသည် ဘာစီလိုနာ တွင် ဆိုးဆိုးရွားရွား ရုန်းကန် နေခဲ့ရပြီး ယခုအခါ ဂျာမန်ကလပ် စတုဂတ်သို့ အငှားသွားရောက် ကစားနေရပြီ ဖြစ်သည်။ မိမိ အနေနှင့် အာဆင်နယ်ကို ကျောခိုင်း ခဲ့မိခြင်းအား အမှန်တကယ် နောင်တ ရနေကြောင်း ဟဲဘ် ကဆိုသည်။

နည်းပြဝင်းဂါး လက်ထဲတွင် ဆိုးဆိုးရွားရွား ဖြစ်သွားသည့် ကစားသမားဟူ၍ မရှိခဲ့ကြောင်း၊ မိမိသည် အာဆင်နယ်တွင် ကစားရင်း တစထက် တစ တိုးတက်ခဲ့ကြောင်း ဟဲဘ် က ထုတ်ဖော် ပြောဆိုလိုက်ပြီး၊ ၀င်းဂါးကို လေးစားသော စိတ်ဖြင့် မိမိ၏ အမှားကို ၀န်ခံ ချင်ကြောင်း၊ အာဆင်နယ်တွင် ပျော်ရွှင်ခဲ့သော နေ့ရက်များကို တမ်းတမိသည့်တိုင် အသင်းဟောင်းနှင့် နီးစပ်ရန် မလွယ်ကူ နိုင်တော့ကြောင်း ဟဲဘ် က Daily Express သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here