အမေရိကန်နှင့် နျူကလီးယား ဆိုင်ရာများ ဆွေးနွေးရမှု အတွက် ပြဿနာ မရှိဟု အီရန် သမ္မတပြောကြား

alt

အမေရိကန်နှင့် နျူကလီးယား ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ် သွားရမည့် အတွက် အီရန်တွင် ပြဿနာ ရှိမည် မထင်ကြောင်း အီရန် သမ္မတ မိုဟာမက် အာမက် ဒီနီဂျက် က ထုတ်ဖော် ပြောဆို သွားခဲ့သည်။

အီရန်သည် အမေရိကန်နှင့် အခြားသော ကုလသမဂ္ဂ လုံခြံုရေး အဖွဲ့ဝင် နိုင်ငံများနှင့် ၎င်း၏ နျူကလီးယား ဆိုင်ရာ လုပ်ဆောင်မှု များကို ဆွေးနွေးရန် သဘောတူညီ ထားပြီးဖြစ်သည်။

မိမိတို့ အနေနှင့် နောက်တကျော့ ဆွေးနွေးမှုများ အတွင်း ပြဿနာ တစုံတရာ ပေါ်လာမည် မထင်ကြောင်း၊ တခုခု အမှားအယွင်း ဖြစ်လာ ပါကလည်း အမေရိကန်တို့ ဘက်မှသာ နစ်နာမည် ဖြစ်ကြောင်း တင်ကြိုကာ အာမက် ဒီနီဂျက် က အစိုးရပိုင် ရုပ်မြင်သံကြား ဌာနနှင့် အင်တာဗျူး အတွင်း ယခုလို ပြောဆိုသုံးသပ် သွားခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က အီရန် အနေနှင့် နျူကလီးယား ကိစ္စအတွက် ကမာ္ဘ့နိုင်ငံ အသီးသီးနှင့် ယခု ထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်ရန်နှင့် စွမ်းအင်ကဏ္ဍ အတွက်သာ ငြိမ်းချမ်းစွာ အသုံးချရန် တိုက်တွန်း ပြောဆိုလိုက်ပြီး နောက် အာမက် ဒီနီဂျက် က ယင်း အင်တာဗျူးကို ယခုလို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အီရန် နိုင်ငံသည် ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများနှင့် နျူကလီးယား ရေးရာ ကိစ္စများကို အောက်တိုဘာ (၁၉)ရက် နေ့တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ မြို့တွင် ဆွေးနွေးသွားရန် အစီအစဉ် ရေးဆွဲထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here