iPhone တွင် အသုံးပြုနိုင်မည့် Adobe Photoshop စတင် မိတ်ဆက်

alt

ကမာ္ဘကျော် Software ကုမ္မဏီကြီး Adobe သည် ၎င်းတို့၏ နာမည်ကြီး Photoshop Software အား iPhone တွင် အသုံးပြုနိုင်မည့် Touchscreen Version ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

အောက်တိုဘာ (၉)ရက် နေ့က Adobe သည် iPhone သုံးစွဲသူများ အတွက် သီးသန့် Version ကို Photoshop.com မှတဆင့် စတင် Download လုပ်ခွင့် ပေးလိုက်ပြီ ဖြစ်သည်။

ယင်း Software ကို အခမဲ့ ဖြန့်ဝေလိုက်ခြင်း ဖြစ်ပြီး Touchscreen နည်းပညာသုံး image rotation၊ color control၊ cropping စသည့် Photoshop လုပ်ဆောင်မှုတိုင်းအား လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အကယ်၍ iPhone အသုံးပြုသူများ ဓာတ်ပုံ ပြင်ဆင်ရာတွင် အမှားအယွင်း ပြုမိပါက အဆင်ပြေပြေ ပြန်လည် ကောင်းမွန်အောင် Undo၊ Redo တို့ကဲ့သို့ Feature များအား ထည့်သွင်း ပေးထားကြောင်းလည်း သိရှိရသည်။

အသုံးပြုသူ များသည် ၎င်းတို့၏ဖုန်းဖြင့် ဓာတ်ပုံကို စိတ်ကြိုက် ပြုပြင်ပြီး ချိန်တွင် ဖုန်းအတွင်း သိမ်းဆည်း ထားနိုင်သလို Photoshop.com မှ ၎င်းတို့၏ Account သို့လည်း Upload တင်၍ မှတ်သား ထားနိုင်မည် ဖြစ်သည်။

Adobe က iPhone ကဲ့သို့သော နာမည်ကျော် အမှတ် တံဆိပ်တခုတွင် ၎င်းတို့၏ Software ကို ထည့်သွင်း ပေးနိုင်သည့် အတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ Photoshop.com သည် အသုံးပြုသူများ အတွက် ဓာတ်ပုံ သိမ်းဆည်းခွင့် ပမာဏကို 2GB အထိသာ ခွင့်ပြုထားပြီး ထိုထက်ပိုမို သိမ်းဆည်းလိုပါက အခကြေးငွေဖြင့် ၀ယ်ယူရမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here