ဂါဇာ စစ်ရာဇဝတ်မှုများ ဝင်ရောက် စစ်ဆေးမှု အတည်ပြုရန် ပါလက်စတိုင်း သမ္မတ တောင်းဆို

alt

ဂါဇာတွင် ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှု များအား ၀င်ရောက် စစ်ဆေးရေး အဆိုကို ကုလသမဂ္ဂ အနေနှင့် အတည်ပြု ပေးပါရန် ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်က တောင်းဆို လိုက်သည်။

အောက်တိုဘာ (၁၁)ရက် နေ့တွင် ပါလက်စတိုင်း ခေါင်းဆောင်က ပြီးခဲ့သည့် နှစ်အတွင်း ဟားမက်စ် တပ်ဖွဲ့များနှင့် အစ္စရေး စစ်တပ်တို့ ဂါဇာတွင် ပြုမူခဲ့သမျှကို ဖော်ထုတ် စစ်ဆေးပေးလိုကြောင်း ကုလသမဂ္ဂ လုံခြံုရေး ကောင်စီသို့ ပန်ကြားခဲ့သည်။

ယခု ကိစ္စကို ကုလသမဂ္ဂ အနေနှင့် ကိုင်တွယ် ဖြေရှင်း လိုသည့်တိုင် အမေရိကန်နှင့် အစ္စရေးတို့က ထိုအကြောင်း အရာများကို အစ ပြန်ဖော်ခြင်းဖြင့် အရှေ့ အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အတွက် အနုတ်လက္ခဏာ ပြလာနိုင်ကြောင်း ထောက်ပြခဲ့သဖြင့် ရှေ့တိုးရန် ခက်ခဲ နေဆဲဖြစ်သည်။

အဘက်စ်က လုံခြံုရေးကောင်စီ အဖွဲ့ဝင် များအကြား အမြင် ကွဲပြားနေမှုများကို မျက်ကွယ်ပြုပြီး ဂါဇာ အရေးအတွက် စုပေါင်း အဖြေရှာ ပေးကြပါရန် တိုက်တွန်းခဲ့သည်။ အဘက်စ် အတွက် ယခု ပြဿနာသည် ၎င်း၏ နိုင်ငံရေးသမား သက်တမ်းအတွင်း အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်လာခဲ့ရသည်။

အကယ်၍ ယခု ပြဿနာတွင် ၎င်းသာ အရှုံးပေးခဲ့ရပါက ဂါဇာနှင့် အနောက်ဘက် ကမ်းခြေတွင် ပါလက်စတိုင်း တို့၏ ကြီးမားသော ဒေါသနှင့် တုန့်ပြန်မှုများကို ရင်ဆိုင် ရဖွယ်ရှိကြောင်း အရှေ့ အလယ်ပိုင်းအရေး လေ့လာသူများက ဆိုသည်။ အစ္စရေး ဘက်ကမူ အဘက်စ်၏ တောင်းဆိုမှုနှင့် စပ်လျဉ်းပြီး တစုံတရာ မှတ်ချက် မပေးလိုကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here