အင်ဒိုးနီးရှား ငလျင်ဒဏ်ခံ ဒေသများသို့ အမေရိကန်ရေတပ် ထောက်ပံ့ရေး အကူညီများ ရောက်ရှိလာ

alt

အင်ဒိုနီးရှား နိုင်ငံရှိ ငလျင်ဒဏ်သင့် ပန်ဒန်မြို့သို့ အမေရိကန် ရေတပ် ထောက်ပံ့ရေး သင်္ဘောများနှင့် ရဟတ်ယာဉ်များ အောက်တိုဘာ (၉)ရက် နေ့က ဆိုက်ရောက်လာပြီ ဖြစ်သည်။

သင်္ဘော များပေါ်တွင် စက်တင်ဘာလ (၃၀)ရက် နေ့က ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ကြံုတွေ့ခဲ့ရသည့် ဒုက္ခသည်များ အတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင် လာခဲ့သည်။

အင်ဒိုနီးရှား အစိုးရ၏ တရားဝင် ကြေညာချက်အရ ငလျင်ကြီးအတွင်း သေဆုံးသူ အရေအတွက်မှာ (၇၈၄)ဦး အထိ ရှိလာပြီး (၂၄၂)ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ယခုအခါ အမေရိကန် ရေတပ် ရဟတ်ယာဉ် (၄)စင်းသည် ပန်ဒန်မြို့သို့ ဆိုက်ရောက်လာကာ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ စတင်ရန် အဆင်သင့် ဖြစ်နေပြီဟု သိရသည်။

အဓိက အားဖြင့် ယင်း ရဟတ်ယာဉ်များကို ကျေးရွာများမှ ဒဏ်ရာရ လူနာများကို ဆေးရုံသို့ ပို့ဆောင်ရန်နှင့် မြေပြိုမှုများကြောင့် အဆက်အသွယ် ပြတ်တောက်သွားသည့် ကျေးရွာများသို့ ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ရန် အဓိက အသုံးပြုသွားမည် ဖြစ်သည်။

အင်ဒိုနီးရှား ငလျင်ကြီး လှုပ်ခတ်ပြီးနောက် အဆိုပါ ဒေသသို့ နိုင်ငံပေါင်း (၃၀)ကျော်က ထောက်ပံ့ရေး အကူအညီများ ပေးပို့လျှက်ရှိပြီး (၂၀၀၄) ခုနှစ်က လူပေါင်း (၂၃၀၀၀၀)ကျော် သေကြေခဲ့သည့် ဆူနာမီ ဖြစ်ရပ်ဆိုးကြီး နောက်ပိုင်း အများဆုံး ထောက်ပံ့ရေး ပမာဏ အထိ ကူညီခဲ့ကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here