တရက် လူပေါင်း သန်း၁ထောင် လာရောက် ကြည့်ရှုသည့် ယူတုဘ်

alt

မိမိတို့ ယူတုဘ် ဗီဒီယို ဝဘ်ဆိုဒ် အား တကမာ္ဘလုံးမှ ပရိသတ် သန်း ၁ထောင် နေ့စဉ် လာရောက် ကြည့်ရှုကြကြောင်း ဂူဂဲလ်နှင့် အငြင်းပွားနေသော ယူတုဘ် တည်ထောင်သူ ဂုရုကြီး ချတ်ဟာလေ ၏ ဘလော့ဂ်တွင်

ဖေါ်ပြ ထားသည်။

ယင်း ဆိုဒ်အား ၂၀၀၆ ခုနှစ်တွင် ဂူးဂဲလ်အား အမေရိကန် ဒေါ်လာ ၁.၆၅ ဘီလျံနှင့် ရောင်းချခဲ့သော်လည်း ငွေမှာ အာမခံဖြင့် နောက်မှချေ၍ ဂူဂယ်မှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ယူတုဘ်၏ ဂုရုကြီး ၂ပါးဖြစ်သော ချတ်ဟာလေ နှင့် စတိဗ်ချမ်း တို့က ထုတ်ဖေါ်ပြောကြား လိုက်သည်။

ယူတုဘ် ဝဘ်မှာ မည်သူမဆို ဗီဒီယိုဖိုင်များအား အခမဲ့ ၁၀မိနစ်တာမျှ လွှင့်တင်ခွင့် ပြုထားသော်လည်း ယခုနှစ် အစောပိုင်းက ပရိသတ်များ နှစ်သက်ကြစေရန် နာမည်ကျော် တေးဂီတ ပညာရှင်များ၏ မြူးဇစ်ဗီဒီယို များအား ငွေကြေးယူ၍ လွှင့်တင်ခွင့် ပြုခဲ့သည်။ ထိုသို့ခွင့်ပြုပြီး ၆လအကြာတွင် ဂူဂဲလ်နှင့် မူပိုင်ခွင့် ဆိုင်ရာ အငြင်းပွားခဲ့ကြပြီး ယူတုဘ်အား ဗြိတိန်ဖက်မှ ပိတ်ထားခဲ့ရာမှ ဂူဂဲလ်မှ ငွေကြေးပေးဆောင် ခဲ့သဖြင့် စက်တင်ဘာလတွင် ဗြိတိန် ယူတုဘ် ပရိသတ်များ ပြန်လည်ကြည့်ရှု နိုင်ပြီ ဖြစ်သည်။

အွန်လိုင်း ငွေကြေး လွှဲပြောင်းရေး ဆိုင်ရာ ဝန်ဆောင်မှု PayPal ဝန်ထမ်းများ ဘဝတွင် တွေ့ဆုံခဲ့ကြသော သူငယ်ချင်း ၃ဦးဖြစ်သူ ချတ်ဟာလေ၊ စတိဗ်ချမ်း နှင့် ဂျာဝက်ကာရင်တို့ ဗွီဒီယို ဝဘ်ဆိုဒ် ယူတုဘ်အား ၂၀၀၄ ခုနှစ်တွင် အစပြု တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here