အိနိ္ဒယနိုင်ငံ အလယ်ပိုင်းတွင် မော်ဝါဒီ သူပုန်မျာက ရဲတပ်ဖွဲ့ဝင် များအား ချုံခို တိုက်ခိုက်

alt

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ (၈)ရက်နေ့က မော်ဝါဒီ ကွန်မြူနစ် သူပုန်များဟု ယူဆရသူ လက်နက်ကိုင် များက ချံုခို တိုက်ခိုက်သဖြင့် ရဲသား (၁၇)ဦးထက် မနည်း သေဆုံး သွားခဲ့ရကြောင်း သိရှိ

ရသည်။

ကင်းလှည့် ယာဉ်တန်းကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော အဆိုပါ မော်ဝါဒီ သူပုန်များကို အိန္ဒိယ လုံခြံုရေး တပ်ဖွဲ့များက လိုက်လံ ရှာဖွေလျှက် ရှိကြောင်း အောက်တိုဘာ (၉)ရက် နေ့တွင် အိန္ဒိယ အစိုးရက ကြေညာ ခဲ့သည်။

ရဲသား(၄၀) ပါ၀င်သော ကင်းလှည့် တပ်ဖွဲ့သည် ဂက်ချီရိုလီ တွင် လှည့်လည် နေစဉ် ယခုကဲ့သို့ အတိုက်ခံရခြင်း ဖြစ်ကြောင်း မဟာရှက်တရာ ပြည်နယ် အုပ်ချုပ်ရေးဌာန အတွင်းရေးမှူး ဂျွန်နီဂျိုးဆက်က ပြောကြား ခဲ့သည်။

အဖွဲ့ဝင် အင်အား (၃၀၀) မျှရှိသော သူပုန်များသည် ရဲတပ်ဖွဲ့ကို ပိတ်ဆို့ဝန်းရံကာ မီးကုန်ယမ်းကုန် ပစ်ခတ်ခဲ့ကြောင်း၊ သူပုန်များ ဆုတ်ခွာသွားချိန်တွင် အနည်းဆုံး ရဲသား(၁၇)ဦး သေဆုံး ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် အတည်ပြုခဲ့သည်။ လုံခြံုရေး တပ်ဖွဲ့များသည် ဂက်ချီရိုလီ အနီး တောတန်းများထဲ ချီတက် ၀င်ရောက်ကာ သူပုန်များကို ရှာဖွေလျှက် ရှိသည်။

ဂက်ချီရိုလီ သည် မော်ဝါဒီ သူပုန်များ တောနက်ထဲတွင် အင်အားကြီးမားစွာ အခြေချနေသည်ဟု ယူဆရသော နေရာလည်းဖြစ်ပြီး နယူးဒေလီမှ အစိုးရသည် နောက်ထပ် စစ်အင်အားများ ထိုဒေသသို့ ဖြည့်ဆည်း ပေးပို့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here