အိနိ္ဒယ ကြည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဒီပက်ခ်ကပူးရ် ၏ မြန်မာနိုင်ငံ ခရီးစဉ်

alt

အိန္ဒိယ ကြည်းတပ် စစ်ဦးစီးချုပ် နှင့် စစ်ဖက်ဆိုင်ရာ အဆင့်မြှင့် အရာရှိကြီး များသည် တနင်္ဂနွေ နေ့က မြန်မာ နိုင်ငံသို့ တောင်အာရှ လုံခြံုရေးရာ ကိစ္စရပ်များ ဆွေးနွေးရန် အတွက် ၃ရက်တာ ခရီးစဉ်အဖြစ်

ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ယခု ခရီးစဉ်တွင် မြန်မာ စစ်အစိုးရနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံ သတင်း အမှောင် ချကာ ရေးဆွဲထားသော စီမံကိန်း ဖြစ်သည့် နယ်ခြားဒေသများ အထိ ရထားလမ်း ဖေါက်လုပ်ရေး ကိစ္စရပ်များ ပါဝင်မည်ဟု ဆိုသည်။

စစ်ရေးဆိုင်ရာ အပြန်အလှန် ကူညီမှုများနှင့် လက်တွဲ ဆောင်ရွက်ရေး ကိစ္စရပ်များအား အိနိ္ဒယ- မြန်မာ နယ်ခြား ဒေသများမှ လူမျိုးစု သူပုန်များ အပြန်အလှန် ပိုင်နက်အတွင်း ခိုအောင်း သင်တန်း ပေးနေမှုလည်း အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။

လွန်ခဲ့သော ၂၀၀၅ ခုနှစ်မှ စတင်ကာ မြန်မာ စစ်အစိုးရနှင့် အိန္ဒိယ အစိုးရတို့ စစ်ဖက်ဆိုင်ရာ ကြည်းနှင့်ရေ ဦးစီးချုပ်များ အပြန်အလှန် သွားရောက် လည်ပတ်ခဲ့ကြ ဖူးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here