ဗြိတိန် လူငယ်များ ကုတ်ကင်းနှင့် မူယစ်ဆေး သုံးစွဲမှု သိသာစွာ မြင့်တက်

alt

ဗြိတိန် လူငယ်များကြား ကုတ်ကင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမှာ (၃)နှစ် အတွင်း နှစ်ဆ အထိ တက်လာ ခဲ့ရကြောင်း တာဝန်ရှိသူ များက အတည်ပြု ခဲ့သည်။

အမျိုးသား ကုသရေး အေဂျင်စီက ယခုကဲ့သို့ လူငယ်ထုကြား ကုတ်ကင်း သုံးစွဲမှု ပမာဏ ထိုးတက် လာခြင်းသည် အဖွဲ့အတွက် စိန်ခေါ်မှု အသစ် ဖြစ်လာကြောင်း ၀န်ခံ သွားခဲ့သည်။

အသက်(၃၀) အောက် လူငယ် အရေအတွက် (၈၄၉၁)ဦး သည် ကုတ်ကင်း သုံးစွဲသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ပြီးနောက် လွန်ခဲ့သော (၃)နှစ်က အရေအတွက် (၂၇၀၀) ထက် သိသိသာသာ မြင့်တက်လာကြောင်း တွေ့ရှိ လာရသည်။

ထို့အပြင် မူးယစ် ဆေးဝါးဖြတ် စခန်းများသို့ ရောက်ရှိလာသူများ အနက် လူငယ် အရေအတွက် သည်လည်း ယခင်ကထက် ထင်ထင်ရှားရှား မြင့်မားလာနေကြောင်း တာဝန်ရှိသူများက ဆိုသည်။ အစိုးရ အနေနှင့် မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း အသက်(၄၀) အထက် ပုဂ္ဂိုလ်များ ဟီးရိုးအင်း သုံးစွဲမှုမှာလည်း အများအပြား တိုးပွားလာကြောင်း သိရှိရသည်။

သို့သော်လည်း အသက်(၂၀)အောက် လူငယ်များ မူးယစ် ဆေးဝါးဖြတ် စခန်းများသို့ ရောက်လာမှုမှာမူ လွန်ခဲ့သော (၃)နှစ်က (၂၈၇၅၅)ဦး အထိ ရှိခဲ့ရာမှ ယခုအခါ (၂၃၁၆၁)ဦး အထိ ကျဆင်း သွားပြီ ဖြစ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျလာခြင်းထက် မူးယစ်ဆေးဝါး ဖြတ်တောက်ရန် မကြိုးစားတော့ခြင်း ကြောင့် ဖြစ်လာမည်ကို တာဝန်ရှိသူ များက စိုးရိမ် ထိတ်လန့်လျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here