ဘွိုင်းဇုံ တေးဂီတ အဖွဲ့မှ စတီဖင်ဂိတ်လီး ရုတ်တရက်သေဆုံး

alt

ဗြိတိန် နာမည်ကျော် ပေါ့(ပ်)တေးဂီတ အဖွဲ့ ဘွိုင်းဇုံမှ အဆိုတော် စတီဖင် ဂိတ်လီး မှာ စပိန်နိုင်ငံ အပမ်းဖြေကျွန်း တခု၌ ယမန်နေ့က ရုတ်တရက် သေဆုံး သွားကြောင်း သူတို့အဖွဲ့၏ အင်တာနက် ဝဘ် စာမျက်နှာတွင်

 ဖေါ်ပြ ထားသည်။

ဘွိုင်းဇုံအဖွဲ့၏ ဝဘ်စာမျက်နှာတွင် ဖေါ်ပြထားမှုမှာ ယမန်နေ့က သူတို့၏ အဖွဲ့သား အဆိုတော် စတီဖင်ဂိတ်လီး ( အသက် – ၃၃နှစ် ) မှာ စပိန်နိုင်ငံ မာဂျော်ကာကျွန်းသို့ အားလပ်ရက် အပမ်းဖြေခရီး အဖြစ် အတူနေ သူငယ်ချင်း ဖြစ်သူ အင်းဒရူးကောင်းလ် နှင့် အတူ သွားရောက်စဉ် ယခုလို အကြောင်း မလှစွာ သေဆုံးရခြင်း ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ယနေ့ ညနေတွင် အဖွဲ့သားများ ဖြစ်သော ရိုနန်ကိတ်တင်း၊ ကိတ်ဒါဖီ၊ ရှိန်းလင့်ချ်၊ မိုက်ကီးဂရေဟမ် တို့ စပိန်နိုင်ငံသို့ လိုက်သွားကြမည် ဖြစ်ပြီး၊ ထို အိုင်းရစ်ချ် အဆိုတော်မှာ ယမန့်ညက အိပ်ပျော်နေရာမှ ပြန်ထ မလာတော့ဟု သိရှိရသည်။

၁၉၉၄ ခုနှစ်မှ သက္ကရာဇ် ၂၀၀၀ အတွင်း သူတို့ ဘွိုင်းဇုံ၏ စင်ဂယ်လ် တေးများမှာ အရောင်းရဆုံး ဘီလ်ဘုတ်တွင် ထိပ်တန်းမှ ရပ်တည် နေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် စတီဖင်ဂိတ်လီး မှာ မိမိကိုယ်ကိုယ် ဂေးလ် ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ ယခုသူနှင့် အတူခရီး သွားရာ၌ ပါဝင်သူ အင်းဒရူးကောင်းလ် အား ၂၀၀၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ လတ်(စ်)ဗီဂတ်(စ်) ၌ လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here