ဆွိုင်းဖလူကြောင့် အမေရိကားတွင် ခလေးငယ်ပေါင်း ရ၆ ယောက် သေဆုံးခဲ့ရ

alt

အမေရိကန်နိုင်ငံ ကျန်းမာရေး ဋ္ဌာနမှ ယခင်အပါတ် သောကြာ နေ့က အမေရိကန် နိုင်ငံတွင် H1N1 ကူးစက် ရောဂါ ပိုးကြောင့် ဖြစ်ပွားသော ဆွိုင်းဖလူ ရောဂါဖြင့် ခလေးငယ်ပေါင်း ရ၆ယောက် သေဆုံး သွားခဲ့ရပြီ

ဖြစ်သည်ဟု ကြေညာ လိုက်သည်။

ထို့အပြင် ခလေးငယ် များအတွက် အန္တရာယ် ကြီးမားစေသော တုပ်ကွေး ရောဂါ သဏ္ဍာန် အလားတူ သော ရောဂါပိုးမွှား အသစ်များလည်း တွေ့ရှိ ထားသည်ဟု ဆိုပြန်သည်။

အမေရိကန် နိုင်ငံတလွှားတွင် နှစ်စဉ် တုပ်ကွေး ရောဂါဖြင့် ကလေးငယ်များ ၄၆ယောက်မှ ၈၈ဦး အထိ သေဆုံး ရသည်ဟု ကူးစက်ရောဂါ ကာကွယ် တိုက်ဖျက်ရေး ဗဟိုဋ္ဌာနမှ ဆိုသည်။

မက္ကဆီကိုနိုင်ငံ ဗယ်ရာခရုစ် ခရိုင်မှ စတင် ဖြစ်ပွားသော ဝက်တုပ်ကွေးမှာ အမေရိကန်နိုင်ငံ တလွှား ပြည်နယ် ၃၇ခုတွင် ပြန့်ပွား နေသည်ဟု ဆိုသည်။

ဝက်တုပ် ကွေးရောဂါ ကာကွယ်ဆေးအား ယခင်အပါတ်မှ စတင်ကာ ထိုးဆေးနှင့် ဖျန်းဆေးဟူ၍ ဆေးပေါင်း ၃.၇သန်း ဖြန့်ချီ လိုက်သော်လည်း အမေရိကန် တနိုင်ငံလုံး အတွက်မူ လုံလောက်မှုရှိရန် လိုအပ်နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here