ကမာ္ဘ့ မွတ်ဆလင် ဦးရေ တိုးတက် များပြားလာဟု စစ်တမ်းများက ဖော်ပြ

alt

ကမာ္ဘ့ လူဦးရေ၏ လေးပုံတပုံမှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်လာ ကြောင်း စစ်တမ်းများက ဆိုသည်။

Pew Forum on Religion and Public Life က ကမာ္ဘပေါ်တွင် အစ္စလာမ် ဘာသာဝင် (၁.၅၇) ဘီလျံ အထိ ရှိလာပြီး ထိုပမာဏသည် ကမာ္ဘ့ လူဦးရေ၏ (၂၅) ရာခိုင်နှုန်းမျှ ရှိနေ ကြောင်း ဖော်ပြခဲ့ ကြသည်။ ထို့ကြောင့်လည်း ကမာ္ဘ့ လူဦးရေ (၄)ဦး ရှိတိုင်း (၁)ဦးမှာ အစ္စလာမ် ဘာသာဝင် မွတ်ဆလင် ဖြစ်နေသည့် သဘောမျိုး သက်ရောက် နေသည်ဟု ဆိုသည်။

အဆိုပါ Forum က နောက်ထပ်လည်း မွတ်ဆလင်ဦးရေ (၁)ဘီလျံမှ (၁.၈)ဘီလျံ အထိ ထပ်တိုး လာဖွယ်ရှိကြောင်း ခန့်မှန်း ထားကြသည်။ (၃)နှစ်ကြာ ပြုလုပ်ခဲ့သည့် လေ့လာမှု စစ်တမ်းက မွတ်ဆလင်တို့၏ ကြီးစိုးမှုမှာ တစထက်တစ ကျယ်ပြန့်လာကြောင်း ညွှန်ပြလျက် ရှိသည်။

အထူးသဖြင့် ယခင်က ခရစ်ယန် ဘာသာဝင် အများစု နေထိုင်သော ဥရောပ နိုင်ငံများတွင်ပင် မွတ်ဆလင်ဦးရေ သိသိသာသာ တိုးပွားလာကြောင်း Forum ကဆိုသည်။ ဥပမာ အားဖြင့် ဂျာမနီနိုင်ငံရှိ မွတ်ဆလင် ပမာဏသည် လက်ဘနွန် ထက်လည်းကောင်း၊ တရုတ် တွင်ရှိသော မွတ်ဆလင် ဦးရေမှာ ဆီးရီးယားထက် လည်းကောင်း၊ ရုရှား ကမူ ဂျော်ဒန်နှင့် လစ်ဗျားတို့ထက် လည်းကောင်း သာလွန် များပြားလျက် ရှိနေသည်။

ယခင်က အစ္စလာမ် ဘာသာဝင်များသည် အာရပ် များသာဖြစ်ပြီး အာရပ် များမှလွဲ၍ ကျန်သူများသည် အစ္စလာမ်ဘာသာ ကိုးကွယ်မှု နည်းပါးသည် ဆိုသော အယူအဆကို စွန့်ပစ်ရတော့မည်ဟု ပရင်စတန်တက္ကသိုလ်မှ ပရော်ဖက်ဆာ အမ်မနီဂျမဲ က ပြောကြားလိုက် ခြင်း ဖြစ်သည်။ ၎င်းသည် Forum ၏ စစ်တမ်းအတွက် များစွာ အထောက်အကူ ပြုခဲ့သူလည်း ဖြစ်သည်။

ယခုအခါ အစ္စလာမ်သည် ကမာ္ဘပေါ်တွင် ခရစ်ယန် ဘာသာနောက် ကိုးကွယ်မှု အများဆုံး ဘာသာအဖြစ် စာရင်းဝင်ခဲ့ပြီး ခရစ်ယန် ဘာသာဝင် အရေအတွက်မှာမူ (၂.၁) ဘီလျံမှ (၂.၂) ဘီလျံ အထိ ရှိနေကြောင်း သိရှိရသည်။ ကမာ္ဘ့နိုင်ငံ (၂၃၂)ခု တို့တွင် အစ္စလာမ်ဘာသာ ပျံ့နှံ့ ရောက်ရှိနေပြီး ၎င်းတို့အနက် ထိပ်သီး(၅) နိုင်ငံမှာ အိန္ဒိယ (၁၆၁သန်း)၊ အီသီယိုးပီးယား (၂၈သန်း)၊ တရုတ် (၂၂သန်း)၊ ရုရှား(၁၆သန်း)နှင့် တန်ဇန်နီးယား (၁၃သန်း)တို့ဖြစ်သည်။ ထိုနိုင်ငံ (၅)ခုမှ မွတ်ဆလင် ဦးရေသည် ကမာ္ဘ့ မွတ်ဆလင် လူဦးရေ စုစုပေါင်း၏ (၃)ပုံ (၁)ပုံမျှ ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here