သားဖြစ်သူ၏ ရယ်သံကြောင့် သတိ ပြန်လည် လာခဲ့သည့် ဗြိတိန်မိခင်

alt

ဗြိတိန်နိုင်ငံမှ မိခင်တဦးသည် သူမ၏ (၁၁)လ အရွယ် သား၏ ရယ်သံကြောင့် ကိုမာဝင်ပြီး သတိမေ့မြော နေရာမှ ပြန်လည် နိုးထ လာခဲ့ကြောင်း သိရှိ ရသည်။

E Coli အဆိပ် ဘက်တီးရီးယား ပါ၀င်သော အစားအစာ များကို စားမိပြီးနောက် သေလုမျောပါး အခြေအနေ အထိ ရောက်ရှိကာ ကိုမာ ၀င်ပြီး မေ့မြောနေသော မောရစ်ရိုး ကလတ်တန် သည် သားငယ်၏ ရယ်သံကို သဲ့သဲ့ ကြားမိပြီးနောက် တကျော့ပြန် နိုးထလာခဲ့ခြင်း ဖြစ်သည်။

အသက် (၃၂)နှစ်ရှိ ကလတ်တန်၏ နလံ ထမြန်မှုကို ဆရာဝန်များပင် အံ့ဩ ခဲ့ကြရသည်။ ယခု သီတင်းပါတ် အစောပိုင်းက ပြန်လည် သတိရလာသည့် အသက်(၃၂)နှစ် အရွယ် ကလတ်တန်က သူမ၏ စိတ်ထဲတွင် ကိုယ့်ကိုကိုယ် သေတော့မည်ဟု သဘောပေါက် နေသူဖြစ်သည်။

သူမသည် ထို အခြေအနေကို အရှုံးပေး ရတော့မည်ဟု မိမိကိုယ်ကိုယ် သေချာနေချိန်တွင် သားငယ် အိုလီဗာ၏ အသံကို ကြားလိုက် ရကြောင်း၊ ထိုခဏတွင်ပင် သားဖြစ်သူ အတွက် မိခင်တယောက် လိုအပ်နေသည်ကို သတိရပြီး အမှောင်ထဲမှ ရုန်းထွက် လာနိုင်ခဲ့ကြောင်း ၀န်ခံ ပြောကြားခဲ့သည်။

မိမိသည် အိုလီဗာ အတွက် အသက်ရှင် ရဦးမည်ဟု တွေးလိုက်မိသည်နှင့် စိတ်ဓာတ် ခွန်အားများ ရရှိလာကြောင်း သတင်းထောက် များထံ ပြောကြားခဲ့သည်။ ၀ရက်စ်ဟမ်းရှိ မေလာဆေးရုံမှ ဆရာဝန်များက လိုက်ဘေးရီးယား နွယ်ဖွား ကလတ်တန်သည် မသန့်ရှင်းသော ဘက်တီးရီးယားများ ပါ၀င်သည့် အသီးအရွက် များကို စားမိပြီးနောက် ဆေးရုံသို့ ရောက်လာခဲ့ကြောင်း၊ သူမ၏ အခြေအနေကို လက်လျှော့ လိုက်ရပြီဟု ယူဆထားရာမှ ပြန်လည် သက်သာလာသည်မှာ အလွန်အံ့ဩစရာ ကောင်းကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here