ပါကစ္စတန်တွင် ကားဗုံး ပေါက်ကွဲမှုကြောင့် လူ၄၂ဦး သေဆုံး

alt

ပါကစ္စတန် နိုင်ငံ အနောက် မြောက်ပိုင်းရှိ အချက်အချာ ကျသည့် မြို့တစ်မြို့ ဖြစ်သော ပက်ရှာဝါတွင် ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ(၄၂)ဦး သေဆုံး သွားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြား

လိုက်သည်။

ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာန တို့က မြို့၏ အချက်အခြာ Shopping Center ဖြစ်သည့် Khyber Bazaar အနီးတွင် အောက်တိုဘာ (၉)ရက်နေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားကြောင်း ကြေညာခဲ့ပြီး သတင်းဌာန များက ထိုနေရာသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားသော လူနာတင်ယာဉ် များ၏ပုံကို ထုတ်လွှင့် ပြသခဲ့ကြသည်။

ထိုဗုံးသည် Shopping Center အနီးတွင် ပါကင် ထိုးထားသော ကားတစင်းအတွင်း ထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း အနောက် မြောက်ပိုင်းခရိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သတင်းဖြန့်ချီရေး ၀န်ကြီး အက်စဂါဟာဟူစိန် က ပြောကြားခဲ့သည်။ ထိုဗုံးသည် အသေခံ ဗုံးခွဲမှုတခု (သို့မဟုတ်) အဝေးထိန်း ကိရိယာဖြင့် ဖောက်ခွဲခဲ့မှု တခု ဆိုသည်ကို အသေအချာ ကွဲကွဲပြားပြား မသိရသေးပေ။

၀န်ကြီးက ၎င်းတို့သည် ဗုံးပေါက်ကွဲမှု အတွက် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာလီဘန်နှင့် အယ်ကိုင်းဒါး တပ်ဖွဲ့များ၏ လက်ချက် ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here