နာဂစ် ဒုက္ခသည်များ အတွက် ဒေါ်လာ၁၀သန်း အမေရိကန် ထပ်မံကူညီမည်

alt

မြန်မာနိုင်ငံ အတွင်း (၂၀၀၈) ခုနှစ်၊ မေလက ၀င်ရောက် တိုက်ခတ် သွားသည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံ လေဘေးသင့် ပြည်သူများ အတွက် အမေရိကန် နိုင်ငံက နောက်ထပ် ဒေါ်လာ (၁၀)သန်း

ထောက်ပံ့ကူညီ သွားမည်ဟု သိရှိ ရသည်။

အမေရိကန် အစိုးရသည် မြန်မာနိုင်ငံရှိ နာဂစ်ဒဏ်ခံ ပြည်သူများ အတွက် ကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ယခင် ကလည်း ဒေါ်လာ(၇၅)သန်း အထိ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။ ထိုပမာဏသည် နာဂစ် ဒဏ်သင့် ပြည်သူများအား စုပေါင်း ထောက်ပံ့သည့် အလှူငွေ ကမာ္ဘ့နိုင်ငံများ အနက် အများဆုံး အဖြစ်လည်း ရပ်တည်လျှက် ရှိသည်။

ယခုနှစ် ဧပြီလ အတွင်းကလည်း အမေရိကန်သည် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ဆန်တန်ချိန် (၁၆၀၀၀) ကို ပေးပို့လှူဒါန်း ခဲ့သေးသည်။ ထိုအချိန်တွင် TCG အမည်ရှိ NGO အဖွဲ့အစည်း တခုကလည်း နာဂစ်ဒဏ်ခံ ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အကောင်အထည် ဖော်ရန် အမေရိကန် ဒေါ်လာ (၁၀၃)သန်း ရံပုံငွေ ရှာဖွေလျက် ရှိနေသည်။

နာဂစ် အလွန် ပြင်ဆင်ရေးနှင့် ပြန်လည် ထူထောင်ရေး အစီအစဉ် (PONREPP) အရ ယင်းအဖွဲ့သည် မြန်မာ စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ ယခု ရံပုံငွေကို နာဂစ်ဒဏ်သင့် ဒေသများရှိ ပြည်သူများ အတွက် ပညာရေး၊ ကျန်းမာရေးနှင့် နေအိမ်များ ပြန်လည် ဆောက်လုပ်ရေး တို့တွင် ကျခံ သုံးစွဲသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here