အမေရိကန် သမ္မတ အတွက် ရဟတ်ယာဉ် ဒေါ်လာ ဘီလျံနှင့်ချီ ကျခံ သုံးစွဲရဖွယ်ရှိ

alt

အမေရိကန် သမ္မတ အတွက် ရည်ရွယ် ထုတ်လုပ်ထားသော ရဟတ်ယာဉ် ပုံစံကို အမေရိကန် ရေတပ်က ပြသခဲ့ရာ ကုန်ကျစရိတ် (၂၂)ဘီလျံ အထိ ကျခံ သုံးစွဲရဖွယ် ရှိကြောင်း သိရှိရသည်။

လော့ဟိမာတင် ကုမ္မဏီက တာဝန်ယူ တည်ဆောက်မည့် ယင်း ရဟတ်ယာဉ် များသည် (၂၀၂၄) ခုနှစ်တွင် စတင် ပျံသန်းနိုင်ရန် မျှော်လင့်ထားသည်။ ထိုရဟတ်ယာဉ်များ ထုတ်လုပ်မည့် နေရာကို အတိအကျ ပြောကြားရန် တာဝန် ရှိသူများက ငြင်းဆိုထားပြီး လော့ဟိမာတင် ကုမ္မဏီ ကလည်း ရေတပ်နှင့် သဘောတူညီမှု အသေးစိတ်ကို ထုတ်ပြန် ကြေညာရန် ငြင်းဆို ထားသည်။

အမေရိကန် စစ်တပ်သည် ပြီးခဲ့သည့် မေလက နယူးယောက် မြို့တော် အိုဝီဂိုရှိ လော့ဟိ စက်ရုံခွဲမှ ရဟတ်ယာဉ်များ ထုတ်လုပ်နေမှုကို ခေတ္တဆိုင်းငံ့ စေခဲ့သည်။ ပန်တာဂွန် စစ်ဌာနချုပ်၏ အဆိုပါ ဆုံးဖြတ်ချက်သည် လော့ဟိအတွက် အထိနာစေခဲ့ပြီး ၀န်ထမ်း(၆၀၀) အထိ လျှော့ချခဲ့ ရသည်။

လော့ဟိသည် အမေရိကန် စစ်ဘက်လေယာဉ်များ အတွက် အဓိက ထုတ်လုပ်သူအဖြစ် ရပ်တည်နေသော်လည်း မကြာသေးမီ နှစ်ပိုင်းများ အတွင်း စီမံကိန်း ဆိုင်းငံ့မှုများ ကြံုခဲ့ရသည်။ အောက်တိုဘာ (၇)ရက် နေ့တွင်မူ ရေတပ်က ရဟတ်ယာဉ် အသစ်များ ဆောက်လုပ်ရေး စီမံကိန်း အတွက် ဒေါ်လာ(၈၅)သန်း တောင်းခံထားမှုကို ဖျက်သိမ်းလိုက်ပြီး ယခု သမ္မတ ရဟတ်ယာဉ် စီမံကိန်းကို စစ်သုံးဘတ်ဂျက် ဒေါ်လာ(၆၈၀.၂) ဘီလျံထဲမှ ထုတ်နှုတ် သုံးစွဲသွားမည် ဖြစ်သည်ဟု သိရှိရသည်။

အာဏာပိုင် များက သမ္မတစီးနင်းမည့် ရဟတ်ယာဉ်များ ဆောက်လုပ်ရေး စီမံကိန်းကို ၂၀၁၀ – ဘဏ္ဍာရေးနှစ် စတင်မည့်  အောက်တိုဘာ (၁)ရက် (၂၀၁၀) နေ့တွင် စတင်မည် ဖြစ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here