အိုဘားမား တက်ရောက်မည့် အာဆီယံဆိုင်ရာ ဆွေးနွေးပွဲ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် တက်ရောက်မည်

alt

မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်သည် လာမည့် လအတွင်း ပြုလုပ်မည့် အမေရိကန် သမ္မတ ဘာရက် အိုဘားမား၏  အာဆီယံ ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် မည် ဖြစ်ကြောင်း

အမေရိကန် အာဏာပိုင် များက အောက်တိုဘာ (၈)ရက် နေ့က ကြေညာ လိုက်သည်။

ယခင်က မြန်မာ စစ်အစိုးရ၏ ထိပ်တန်း အရာရှိများ ယင်း အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ဟု သတင်း များ ထွက်ပေါ်နေခဲ့ သော်လည်း အိုဘားမားသည် နိုဝင်ဘာလ အလယ် တွင် စင်္ကာပူသို့ သွားရောက်ပြီး အာရှ ပစိဖိတ်ဆိုင်ရာ စီးပွားရေး ညီလာခံတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကာ အာဆီယံဒေသ နိုင်ငံ့ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီမံထားခဲ့သည်။

ထိုပွဲသို့ မြန်မာ စစ်အစိုးရ အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ တက်ရောက်ဖွယ် မရှိသော်လည်း ၀န်ကြီးချုပ် ရာထူး ရယူထားသူ ဗိုလ်ချုပ်သိန်းစိန် တက်ရောက်ရန် သေချာနေကြောင်း ၀ါရှင်တန်ရှိ အမေရိကန် အစိုးရ အရာရှိတဦးက ယနေ့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင်က အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရောဘတ်ဂစ်(ဘ်) က သမ္မတ အိုဘားမား အနေနှင့် မြန်မာ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက် တွေ့ဆုံခွင့် တောင်းဆို ထားပြီးနောက် မြန်မာစစ်အစိုးရ ဘက်မှ ရှောင်လွှဲဖွယ် ရှိနေကြောင်း ပြောဆိုသုံးသပ် ထားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here