မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ဆိုင်ရာဘွဲ့ ပေးအပ် ချီးမြှင့်မည်

alt

မြန်မာနိုင်ငံရှိ အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ်သည် ရုပ်ရှင်ဆိုင်ရာ ဘွဲ့ဒီဂရီ အတွက် ပထမဆုံး အကြိမ် ဘွဲ့ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း တက္ကသိုလ် နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ထုတ်ဖော် ပြောကြား လိုက်သည်။

ထိုဘွဲ့ကို (၂၀၀၆-၀၉) ခုနှစ် စာသင်နှစ်မှ အောင်မြင် ပြီးမြောက် သော ကျောင်းသား၊ ကျောင်းသူ များအား ချီးမြှင့်သွားမည် ဖြစ်သည်။ ထိုဘွဲ့ အတွက် သင်ရိုးများကို ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ယဉ်ကျေးမှု တက္ကသိုလ်နှင့် ရုပ်ရှင် အစည်းအရုံး တို့က ပူးတွဲ ထုတ်နှုတ်ခဲ့ပြီး ပင်ကိုယ် အရည်အသွေး ပြည့်ဝသည့် ရုပ်ရှင်မင်းသား မင်းသမီးများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကာ သတ်မှတ် သင်ကြားခဲ့ခြင်း ဖြစ်သည်။

ပထမဆုံး B.A(Cinema) ဘွဲ့ကို ကျောင်းသူ၊ ကျောင်းသား (၃၆)ဦးက ရရှိခဲ့ပြီး အခမ်းအနားဖြင့် ပေးအပ်သွားမည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသည် နိုင်ငံခြား ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဗီဒီယို နှင့် ရုပ်ရှင် ဇာတ်ကားများ၏ ထုတ်လုပ်မှု အရည်အသွေးကို တိုးမြှင့်နိုင်ရေး ကြိုးပမ်းလျှက် ရှိနေရာ ထို လုပ်ဆောင်မှု များကြောင့် တဖက်တလမ်းမှ အထောက်အကူ ဖြစ်နိုင်ကြောင်း သိရှိရသည်။

ထို့ပြင် ရုပ်ရှင်သရုပ်ဆောင် များအား နိုင်ငံတကာ အရည်အသွေးမီ ဇာတ်ကားများ ဖြစ်မြောက်ရေး အားထည့် ဆောင်ရွက်ရန်လည်း တိုက်တွန်းနှိုးဆော် ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here