မက်ဒေါနားကို ချစ်နေဆဲပါဟု ဂိုင်းရစ်ချီ ဖွင့်ဟ ပြောပြန်

alt

မိမိ၏ ဇနီးဟောင်း မက်ဒေါနား အပေါ် ချစ်စိတ် မပြယ်သေးကြောင်း ဗြိတိသျှ ရုပ်ရှင် ဒါရိုက်တာ ဂိုင်းရစ်ချီက ပြောကြား လိုက်သည်။

Esquire မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ရစ်ချီက မိမိသည် မက်ဒေါနား နှင့် ပတ်သက်ပြီး ချစ်ခြင်းနှင့် ကြောက်ခြင်း ကို ရောပြွမ်းခံစား နေရကြောင်း ပြောဆို သွားခဲ့သည်။

မက်ဒေါနား သည် စိတ်ပိုင်းဆိုင်ရာတွင် သာမန် မဟုတ်သော အတွေးအခေါ် အယူအဆ များရှိပြီး ထိုအခြေအနေ ကိုမူ မိမိအနေနှင့် စိုးရိမ် ကြောက်လန့်ကြောင်း Sherlock Holmes ဇာတ်ကား ဒါရိုက်တာကြီးက ၀န်ခံ ပြောကြားလိုက်သည်။

မက်ဒေါနားသည် အသက်(၅၁)နှစ် ရှိနေပြီ ဖြစ်သော်လည်း အသက်(၂၃)နှစ် အရွယ် ဘရာဇီးမော်ဒယ် ဂျီးဇက်လက်စ် နှင့် စုံတွဲ ခုတ်နေခြင်း ကိုလည်း ရစ်ချီက ထောက်ပြ ဝေဖန်ခဲ့သည်။ မက်ဒေါနား အနေနှင့် မိမိအသက်ကို ပြန်မကြည့်ဘဲ စိတ်အလိုကို လိုက်ခဲ့ကြောင်း၊ ထိုသို့သော လုပ်ရပ်များကြောင့်လည်း မိမိတို့ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ရစ်ချီက ညည်းတွား ပြောဆိုသွားခဲ့သည်။

၎င်းတို့ နှစ်ဦးသည် (၈)နှစ်ကြာ ပေါင်းသင်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တရားဝင် ပြတ်စဲ ခဲ့ကြသည်။ ထို့နောက်တွင် သားနှစ်ဦးအား ရစ်ချီရော၊ မက်ဒေါနားပါ တလှည့်စီ အုပ်ထိန်းခွင့် ပေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ရစ်ချီသည် မက်ဒေါနားနှင့် ကွာရှင်းစဉ်က Pop ဂီတ ဘုရင်မ မက်ဒေါနားအား အစွန်းရောက် အားပေးသူ အချို့၏ အသက်အန္တရာယ် ခြိမ်းခြောက်မှု များနှင့်ပင် ကြံုတွေ့ခဲ့ရဖူးသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here