မြန်မာနိုင်ငံ အတွင်း A/H1N1 ကူးစက်ခံရသူ ၅၆ဦး ရှိပြီဟု တရားဝင် ကြေညာ

alt

အောက်တိုဘာလ (၉)ရက် နေ့က မြန်မာ စစ်အစိုးရ ကျန်းမာရေး ၀န်ကြီး ဌာနက နိုင်ငံအတွင်း H1N1 တုပ်ကွေး ကူးစက်ခံရသူ အရေအတွက်မှာ (၅၆)ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်သည်။

ကူးစက် ခံရသူ (၅၆)ဦး အနက် (၅၀)သည် ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်သော်လည်း ကျန်(၆)ဦး မှာမူ ကျွမ်းကျင်သော ဆရာဝန်များ၏ အနီးကပ် ပြုစု ကုသမှုကို ခံယူနေကြောင်း ၀န်ကြီးဌာနက ဆိုသည်။

ကမာ္ဘ့ ကပ်ရောဂါ အဆင့်အဖြစ် ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသည့် ယင်း တုပ်ကွေးရောဂါသည် ဧပြီလက မက္ကစီကို နိုင်ငံမှ စတင် ပေါ်ပေါက် လာပြီးနောက် ကမာ္ဘ့ နိုင်ငံအသီးသီးမှ လူပေါင်း (၅၀၀၀) နီးပါးကို သေဆုံးစေခဲ့ပြီး ဖြစ်သည်။

အဆိုပါ တုပ်ကွေးသည် ဇူလိုင်လ (၂၇)ရက် နေ့က စင်္ကာပူ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် အသက်(၁၃)နှစ် အရွယ် ကျောင်းသူလေး တဦးထံ ကူးစက်ခဲ့ပြီး နောက် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက်ပိုင်း တွင်မူ နိုင်ငံခြားမှ ပြန်လာသူများ ထံတွင် ယင်းရောဂါပိုး ကပ်ငြိလာပြီး တိုင်းပြည်ထဲတွင်ပါ ကူးစက်မှုများ ဖြစ်လာရကြောင်း စစ်အစိုးရ ထုတ်ပြန်သော သတင်းများတွင် ဖေါ် ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here