အီတလီ လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင် တားမြစ်ဆေး သုံးစွဲထားကြောင်း တွေ့ရှိရ

alt

ကမာ္ဘ့ဖလား ခြေစစ်ပွဲဝင် အီတလီ လက်ရွေးစင် အသင်း ခေါင်းဆောင် ဖေဘီယို ကင်နာဗာရို အား ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ ၎င်းသည် တားမြစ်ဆေး သုံးစွဲ ထားကြောင်း ဖော်ထုတ် နိုင်ခဲ့ကြောင်း

လာ ရီပတ်ပလီကာ နှင့် စကိုင်း စပေါ့ သတင်းများက ဖော်ပြခဲ့သည်။

၎င်းသည် Cortisone ဆေးဝါး စစ်ဆေးရာတွင် အပေါင်းလက္ခဏာ ပြနေသည်ဟု ယုံကြည်ရကြောင်း Sky Sport 24 သတင်းဌာနက ဆိုသည်။ ဂျူဗင်းတပ် အသင်းမှ ကစားသမား အတွက် မိခင်ကလပ်က အီတလီ အမျိူးသား အိုလံပစ် ကော်မတီနှင့် ဆေးဝါးဌာန နှင့် ယင်းကိစ္စရပ်အား  ပူးပေါင်းဆောင်ရွက် သွားမည်ဟု ကတိပြု လိုက်ပြီဖြစ်သည်။

ဂျူဗင်းတပ် အသင်း၏ ဆေးအဖွဲ့သည် ကင်နာဗာရို၏ ပြဿနာအတွက် အသေးစိတ် ကြေညာချက် များကိုမူ မထုတ်ပြန် သေးချေ။ ယခု ဆေးစစ်မှု ရလဒ်ကြောင့် ကင်နာဗာရို အနေနှင့် ကာလရှည် ပွဲပယ်မှုနှင့် ကြံုတွေ့ရဖွယ် ရှိသလို ယခု သီတင်းပါတ် အကုန်တွင် ယှဉ်ပြိုင်မည့် အီတလီ အသင်း၏ ကမာ္ဘ့ဖလား ခြေစစ်ပွဲ များနှင့်လည်း လွဲချော်ရဖွယ် ရှိနေသည်။

ကင်နာဗာရို အနေနှင့် အယူခံဝင်ခွင့် ရှိသော်လည်း နောက်တကြိမ် စစ်ဆေးမှုများအရ ၎င်းသည် တားမြစ်ဆေး သုံးစွဲထားကြောင်း ထပ်မံ အတည်ပြုနိုင်မည့် အထောက်အထားများ ဖော်ထုတ် တွေ့ရှိလာမည် ဆိုလျှင် (၂၀၁၀)ခုနှစ် ကမာ္ဘ့ဖလား ဘောလုံးပွဲတွင် အီတလီနှင့် အတူ ၀င်ရောက် ယှဉ်ပြိုင်လိုသည့် ဆန္ဒများမှာလည်း အဆုံးသတ် သွားဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here