၁၆ နှစ်အောက် အမျိုးသမီး ချန်ပီယံရှစ် ပွဲတွင် မြန်မာ (က) အသင်း ပွဲဦးထွက် ဂိုးပြတ် အနိုင်ရ

alt

အေအက်ဖ်စီ AFC အသက် ၁၆ နှစ်အောက် အမျိုးသမီး ချန်ပီယံရှစ် ပွဲစဉ်ကို ယမန်နေ့က သုဝဏ္ဏ အားကစားကွင်း တွင် ယှဉ်ပြိုင်ကစား ခဲ့ရာ မြန်မာ (က) အသင်းက ပြိုင်ဘက်

မလေးရှား အသင်းကို အဖွင့်ပွဲစဉ် အဖြစ်စတင် ကစားခဲ့ကြပြီး၊ ၁၅ဂိုး အထိ သွင်းယူကာ အနိုင် ရရှိခဲ့ကြောင်း သိရှိ သည်။

မသူကျော်က ၅၂မိနစ်၊ ၆၃မိနစ် နှင့် မိနစ်၉၀ တွင် လည်းကောင်း၊ မနီလာဝင်းက ၉မိနစ် နှင့် ၁၈မိနစ်တွင် လည်းကောင်း၊ မလှယဉ်ဝင်းက ၁မိနစ်၊ ၁၃မိနစ်၊ ၁၄မိနစ်တွင် လည်းကောင်း၊ မထက်သိင်္ဂီက ၂၃ မိနစ်၊ မိနစ် ၃၀၊ ၃၆ မိနစ် နှင့် ၄၅ မိနစ်တွင် လည်းကောင်း၊ မခင်နွေးနွေးရွှေ က ၅၃မိနစ် နှင့် မနန္ဒာလှိုင်က ရ၂မိနစ် တွင်လည်းကောင်း အိမ်ရှင်မြန်မာ အသင်းအတွက် အသီးသီး အနိုင်ဂိုးများကို သွင်းယူ ပေးခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှား အသင်းအား ၁၅ ဂိုးပြတ် အနိုင်ရရှိ ခဲ့သည့် ထိုင်းအသင်းသည် မနက်ဖန် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃နာရီခွဲတွင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာ ( ခ ) အသင်းနှင့် ဩစတြေးလျ အသင်းသည် ယနေ့ညနေ ၃နာရီခွဲတွင် စတင် ယှဉ်ပြိုင်ကြဦးမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here