၂၀၀၉ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ကို အမေရိကန် သမ္မတ အိုဘားမား ရရှိ

alt

(၂၀၀၉)ခုနှစ်၏ ကမာ္ဘ့ငြိမ်းချမ်းရေး နိုဘယ်ဆု ကို အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ဆွတ်ခူး ရရှိ သွားကြောင်း သိရသည်။ ၎င်း ၏ ကမာ္ဘအနှံ့ နျူကလီးယား လက်နက် ကင်းစင်ရေး အဆိုပြု ကြိုးပမ်းချက်များ နှင့် နိုင်ငံတကာ မူဝါဒတွင် စေ့စပ် ညှိနှိုင်းမှု ကို အသားပေး ဆောင်ရွက် လာခြင်းများ ကြောင့်

အမေရိကန်၏ (၄၄) ဦးမြောက် သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် ရွေးချယ် လိုက်ကြောင်း နော်ဝေ နိုင်ငံ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက အတည်ပြု ကြေညာသည်။

အိုဘားမား သည် ယခုနှစ် အစောပိုင်းကမှ အမေရိကန်သမ္မတ တာဝန် ကို လက်ခံရယူခဲ့ပြီး အာဏာသက်တမ်း (၁) နှစ်ပင် မပြည့်သေးချေ။ ၎င်းလက်ထက်တွင် အမေရိကန်နှင့် ရပ်တည်ချက်ခြင်း အတိုက်အခံဖြစ်နေသော အီရန်၊ မြောက်ကိုရီးယား၊ မြန်မာနိုင်ငံများကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် ချဉ်းကပ်ရန် အမေရိကန်၏ နို်င်ငံခြားရေး မူဝါဒကို ပြောင်းလဲပစ်ခဲ့သည်။ ထို့အပြင် အစ္စရေး-ပါလက်စတိုင်း ပြဿနာ အပါအဝင် ကမာ္ဘ့နိုင်ငံအသီးသီး၏ အရှုပ်အထွေး အချင်းများမှုမှန်သမျှကို စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့သောကြောင့် ယခုလို ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အိုဘားမားသည် Diploma တစ်ခု၊ ရွှေဆုတံဆိပ် နှင့် အမေရိကန်ဒေါ်လာ (၁.၄) သန်းတို့ကို ချီးမြှင့်ခံရတော့မည်ဟု သိရသည်။ မြန်မာနိုင်ငံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိဖူးပြီး သူမသည် မြန်မာနိုင်ငံ သမိုင်းတလျှောက် ပထမဆုံးရရှိခဲ့သူဖြစ်ကာ၊  အထိန်းခံထားရသည့် တစ်ဦးတည်းသောကမာ္ဘ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အဖြစ်လည်း မှတ်တမ်းတင်ခြင်း ခံထားရသည်။ 

LEAVE A REPLY

Please enter your comment!
Please enter your name here