ကလေးများ အုပ်ထိန်းခွင့် ပြန်လည် ရရှိရန် ဘရစ်တနီ စဖီးယား ပြင်ဆင်နေ

alt

ခင်ပွန်းဟောင်း ကီဗင်ဖီဒါလိုင်း ထံမှ ကလေးများကို အပြည့်အဝ ပြန်လည် အုပ်ထိန်းခွင့် ရရှိစေရန် ဘရစ်တနီ စဖီးယား အနေနှင့် စတင် ပြင်ဆင်နေပြီ ဖြစ်သည်။

အသက် (၂၈)နှစ်ရှိ Pop ဂီတစတား အဆိုတော် သည် သားငယ် နှစ်ဦး ဖြစ်သည့် (၄)နှစ် အရွယ် ရှောင်ပရက် စတန် နှင့် (၃)နှစ်သား ဂျေဒန်းဂျိမ်း တို့အား ဖခင်ဖြစ်သူ၏ အကျင့် များကြောင့် ပြန်ခေါ်ရန် ဘရစ်တနီ အနေနှင့် စဉ်းစားနေကြောင်း သူမ၏ ကိုယ်ရေး အရာရှိက ဆိုသည်။

ဖီဒါလိုင်း သည် ကလေးများအား အုပ်ထိန်း ခွင့်ကို တရားဝင် ရရှိ ထားသောကြောင့် ဘရစ်တနီ အနေနှင့် ဥပဒေကြောင်း အရ ရင်ဆိုင်ရဖွယ် ရှိနေသည်။ ဘရစ်တနီ သည် ယခုအခါ ကမာ္ဘလှည့် Circus ဖျော်ဖြေပွဲကို တင်ဆက်နေပြီး ဖျော်ဖြေပွဲများ အားလုံး ပြီးဆုံးချိန် နိုဝင်ဘာလတွင် ဖီဒါလိုင်း ထံမှ သားနှစ်ဦး အုပ်ထိန်းခွင့်ကို ပြန်လည်လွှဲပြောင်း ရယူရန် စဉ်းစားလျှက် ရှိသည်။

ဘရစ်တနီ က သားများသည် ဖီဒါလိုင်း၏ ရိုင်းစိုင်းသော နှုတ်ထွက် စကားများ၊ အလုပ်လက်မဲ့ ဖြစ်နေသည့် Dancer သူငယ်ချင်း များနှင့် ရင်းနှီး ယဉ်ပါးသွားမည်ကို အလွန် စိုးရိမ်လျှက် ရှိသည်။

ဘရစ်တနီ အနေနှင့် ကလေးများအား ထိုကဲ့သို့သော ဘဝမျိုးတွင် ဖြတ်သန်း ကြီးပြင်းလာမည်ကို မည်သို့မျှ လက်မခံ နိုင်ကြောင်း သူမ၏ ကိုယ်ရေး အရာရှိက ထုတ်ဖော် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here