စာကလေး တကောင်ကြောင့် ကိုရီးယား လေယာဉ် ခရီးစဉ် ဆိုင်းငံ့လိုက်ရ

alt

လေယာဉ် အတွင်း စာကလေး တကောင် ရောက်ရှိနေသည်ကို တွေ့ရှိ ရပြီး နောက် တောင်ကိုရီးယား လေကြောင်း ခရီးစဉ် တခုအား ဆိုင်းငံ့ လိုက်ရကြောင်း သိရှိရသည်။

အောက်တိုဘာ (၇)ရက် နေ့က တောင် ကိုရီးယား လေကြောင်းလိုင်း ပိုင် လေယာဉ်သည် ပြေးလမ်းမှ စတင် ထွက်ခွာခဲ့ပြီ ဖြစ်သော်လည်း ကေဘင် ခန်းထဲ စာကလေး ရောက်ရှိနေကြောင်း လေယာဉ် အမှုထမ်းများက တွေ့ရှိပြီးနောက် လေယာဉ်ကို ပြန်ဆင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကိုရီးယား လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ချိုဟွမ်ချူ က ထိုငှက်သည် လေယာဉ် ရပ်နားထားစဉ် ဖွင့်ထားသော တံခါးပေါက်မှ ၀င်လာခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ခရီးသည်များအား ငှက်ကို မဖမ်းနိုင်ခင် လေယာဉ်ပေါ်မှ ဆင်းပေးပါရန် ပန်ကြားခဲ့ကြောင်း သတင်းထောက် များကို ပြောကြား သွားခဲ့သည်။

ချိုက စာကလေးကို ပြန်ဖမ်းမိပြီးနောက် လွှတ်ပေးလိုက်ကြောင်း အတည်ပြု ပြောကြားလိုက်ပြီး၊ ထို စာကလေးကြောင့် ယင်း ပြည်တွင်းလေကြောင်း ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည် (၁၂၃)ဦး မှာ (၃)နာရီမျှ စောင့်ဆိုင်း နေခဲ့ရသည်။

ကမာ္ဘ့လေကြောင်း ပျံသန်းမှုဆိုင်ရာ ခရီးစဉ်များတွင် ငှက်များသည် လေယာဉ်များအတွက် အဓိက အန္တရာယ်တခု ဖြစ်လာခဲ့ပြီး လေယာဉ် အမြောက်အမြားသည် ငှက်များနှင့် ၀င်တိုက်မိရာမှ အင်ဂျင်နှင့် ကိုယ်ထည်ပိုင်းတွင် ပျက်စီးမှုများ အင်ဂျင်ထဲ ငှက်ဝင်၍ အင်ဂျင် ပျက်စီးမှုများ မကြာခဏ ကြံုတွေ့ ရလေ့ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here