မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အနောက်တိုင်း သံတမန်များနှင့် တွေ့ဆုံခွင့် ရမည်

alt

မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ထားမှု များအား ပြန်လည် ပြင်ဆင် ဆွေးနွေး ပေးရန် အတွက် မြန်မာ စစ်အစိုးရ အာဏာပိုင်များက မြန်မာ့ ဒီမိုကရေစီ အရေး ခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည် နှင့် အနောက်တိုင်း သံတမန် များအား တွေ့ဆုံခွင့် ပေးလိုက်ပြီဟု အေပီ သတင်းအရ သိရှိရသည်။

သောကြာနေ့ မနက် အစောပိုင်းက မြန်မာ စစ်အစိုးရမှ တရားဝင် ကြေညာ လိုက်သည်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်နိုင်ငံ၊ ဂရိတ်ဗြိတိန်၊ ဩစတြေးလျ၊ အနောက်တိုင်း သံတမန်များနှင့် အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံမည်ဟု ယနေ့ ထုတ်ပြန်ကြေညာ လိုက်သည်။

ယခု သတင်းအား တရားဝင် ပြောရေးဆိုခွင့် ရှိသူမှ ပြောဆိုခဲ့သည်ဟု ထင်ရသော်လည်း သတင်း မီဒီယာသို့ တရားဝင်ထုတ် ပြောကြားခြင်း အလျဉ်း မရှိသေးဟု အေပီသတင်း (ရန်ကုန်) မှ သုံးသပ် ပြောကြား လိုက်သည်။

ယခင်လက ဒေါ်အောင်ဆန်းစုကြည် မှ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အကြံပြုသော ပေးပို့စာ၌ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံ များမှ ပိတ်ဆို့ အရေးယူထား မှုအား အနောက်တိုင်း သံတမန် များအား တွေ့ဆုံ ဆွေးနွေးခွင့် အကြံပြုစာ၏ နောက်ဆက်တွဲ ရလဒ်ဟု ရန်ကုန်မြို့မှ နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here