မန်ယူ ကွင်းလယ်လူ အိုဝင်ဟားဂရေ့ မကြာမီ ဘောလုံး ပြန်ကစားနိုင်မည်

alt

မန်ချက်စတာ ယူနိုက်တက် အသင်းမှ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ အိုဝင် ဟားဂရေ့ သည် မကြာမီ ပြန်ကစား နိုင်တော့မည် ဖြစ်သည်။

ကာလ ရှည်ကြာစွာ နားနေရသော ဟားဂရေ့က အသင်းနှင့်အတူ ပွဲ ထွက်ခွင့် ရမည့် အချိန်အား မစောင့် နိုင်အောင် ဖြစ်နေမိကြောင်း ၀န်ခံ လိုက်သည်။ အသက် (၂၇)နှစ်ရှိ ကွင်းလယ် ခံစစ်သမားသည် ဒူး နှစ်ဖက်လုံးတွင် အရွတ် ဒဏ်ရာများ ရရှိခဲ့သဖြင့် (၂၀၀၈) ခုနှစ်၊ ဥရောပ ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲ နောက်ပိုင်း ယူနိုက်တက်၏ ပွဲစဉ်များနှင့် ဝေးကွာ ခဲ့ရသည်။

ပြီးခဲ့သည့် ဘောလုံးရာသီ တခုလုံး နားနေရသည့် ဟားဂရေ့ က အသင်းအတွက် ချန်ပီယံ ဆုဖလားများ ရယူပေးရေး ပြန်လည် ခြေစွမ်းပြချင်စိတ် ပြင်းပြနေကြောင်း ကလပ်အသင်း ၀ဘ်ဆိုဒ် မှတဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အိုးထရက်ဖို့ထ် ကွင်းကြီးအတွင်း ပြေးလွှား လှုပ်ရှားနေရသည့် အတွေ့အကြံုသည် ၎င်းအတွက် နှစ်သက်စရာ ကောင်းလှကြောင်း၊ အသင်းဖော်များနှင့် ပြန်လည် ပေါင်းစည်းခွင့်ရမည့် အချိန်ကို စောင့်ရသည်မှာ စိတ်မရှည်စရာ ဖြစ်ရကြောင်း ဟားဂရေ့ က ပြောကြား သွားခဲ့သည်။

၎င်းသည် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်နေပြီးနောက် နိုဝင်ဘာလတွင် ပြန်လည် ကစားနိုင်ရန် ယူနိုက်တက် အသင်းက မျှော်လင့်ထားသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here