အရှေ့ အာရှမှ တင်သွင်းသည့် သစ်သီးခြောက် အစားအစာများ မလေးရှား စိစစ်မည်

alt

မလေးရှားနိုင်ငံ ကျန်းမာရေး ၀န်ကြီး ဌာနသည် နိုင်ငံအတွင်းသို့ ၀င်ရောက် လာသော အရှေ့အာရှ နိုင်ငံထုတ် သစ်သီးခြောက် အစားအစာ များကို စီစစ်သွားမည် ဖြစ်သည်ဟု ထုတ်ပြန် ကြေညာ လိုက်သည်။ 

တရုတ်၊ တိုင်ဝမ် နှင့် အခြားအာရှ နိုင်ငံများမှ ၀င်ရောက် လာသည့် သစ်သီးခြောက် များတွင် အန္တရာယ် ရှိနိုင် လောက်သော ခဲဓာတ် ပမာဏ လွန်ကဲစွာ ပါ၀င် နေသည်ဟု ယူဆ ရသောကြောင့်ဟု သိရှိရသည်။

၀န်ကြီးဌာနက အာရှ အရှေ့ပိုင်း နိုင်ငံအချို့  မှ တင်သွင်းသော သစ်သီးခြောက် အစားအစာများ အတွက် အန္တရာယ်အဆင့် (၅) အထိ သတ်မှတ် ထားကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။

၀န်ကြီးဌာနမှ ကျန်းမာရေး ၀န်ထမ်းများသည် အဆိုပါ စားသောက်ကုန် လုပ်ငန်း (၁၆)ခုကို တင်သွင်းခွင့် ပိတ်ပင်ထားပြီး နောက်ပိုင်းတွင်လည်း ဘေးကင်းသည့် အဆင့်အထိ စီစစ်ပြီးမှ ဖြန့်ဝေခွင့် ပြုတော့မည်ဟု ကျန်းမာရေးဝန်ကြီး ဒါတက်ဆာရီ လီဝိုတီအွမ် က သတင်းထောက် များကို ပြောကြားခဲ့သည်။ ထို့ကြောင့် သစ်သီးခြောက် စားသောက်ကုန်များ ဈေးကွက်ထဲ မရောက်ခင် တာဝန်ရှိသူ များက စစ်ဆေးသွားမည် ဖြစ်သည်။

၀န်ကြီးက အောက်တိုဘာ (၁)ရက် နေ့တွင် အမေရိကန် ဆေးဝါးနှင့် စားသောက် ကုန်လုပ်ငန်းက မလေးရှားရှိ သစ်သီးခြောက် စားသောက်ကုန် များတွင် ခဲဆိပ်သင့်နိုင်သော အန္တရာယ်များ ရှိနေကြောင်း သတိပေး ခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု သွားခဲ့သည်။

ခဲဓာတ်သည် အချိန်ကြာကြာ ထားလေ၊ ပမာဏ ပိုများလာလေ ဖြစ်တတ်သည့် ဓာတ် သဘာဝရှိပြီး လူ၏ ဦးနှောက်နှင့် အာရုံကြော စံနစ်ကို ဆိုးဆိုးရွားရွား ထိခိုက် စေတတ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here