မြန်မာနိုင်ငံ နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရ လုံခြုံရေး တိုးမြှင့်ထား

alt

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တင်းမာ လာပြီးနောက် ဘင်္ဂလားဒေ့ရှ် အစိုးရ သည် နယ်ခြားဒေသတွင် တပ်ဖွဲ့ အင်အားကို ပိုမိုတိုးမြှင့် ချထားလိုက်ပြီ ဟု သိရှိရသည်။

မြန်မာနှင့် အငြင်း ပွားနေသော နယ်နိမိတ် စည်းတလျှောက် အစောင့် တပ်များကို ခွင့်တင်လျှင် ခွင့် မပေးတော့ သလို ခြံစည်းရိုး များကိုလည်း အသစ်ပြန် စိုက်ကာ နယ်ခြားစောင့် တပ်သားများ ထပ်မံ စေလွှတ်ခဲ့သည် ဟု သိရှိရသည်။

ယင်း ပြဿနာမှာ မြန်မာတို့က ပြီးခဲ့သည့် သီတင်းပါတ် အတွင်း ဘန်ဘာဒန် အနီး နယ်နိမိတ် စည်းရိုး ပြန်ခတ်ရာမှ အစပြုလာခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ဖက်မှ ဆိုကာ ယခုအခါ ဘင်္ဂလားဒေ့ရှ်သည် ကီလိုမီတာ (၃၀၀)ရှိသော နယ်နိမိတ်တလျှောက် တပ်များ အားလုံးကို တပ်လှန့်ထားပြီး ဖြစ်သည်။

ဒါကာမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရက မိမိတို့သည် မြန်မာလူမျိုးများ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ကျူးကျော် နေထိုင်မှု၊ တရားမဝင် အလုပ် ၀င်လုပ်နေမှုများ အပါအဝင် အခြားသော ကိစ္စများကို နိုင်ငံရေးအရ ဖြေရှင်းသွားမည်ဟု ကြေညာ ထားလိုက်သည်။

ဒါကာမြို့သည် မြန်မာနိုင်ငံရှိ စစ်အစိုးရနှင့် အဆင်မပြေသော ရိုဟင်ဂျာ လူမျိုးများ အစုလိုက် အပြံုလိုက် ၀င်ရောက်ခိုလှုံရာ နေရာလည်း ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေး ဌာနက မြန်မာဘက်မှ ယခုကဲ့သို့ တရားမဝင် ၀င်ရောက် လာမှုများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လုပ်သားများ အတွက် ထိခိုက်မှုများစွာ ရှိရကြောင်း ကန့်ကွက် အရေးဆို ထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here