သမီးအရင်းကို သားမယား ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၁၂နှစ်ချမှတ်

alt

(၃၃)နှစ် လုံးလုံး သမီး အရင်းကို သားမယား အဖြစ် ပြုကျင့်ဆက်ဆံ ခဲ့သော ကာမဘီလူး ဖခင် ဖြစ်သူအား ဗြိတိန် တရားရုံးတခုက အောက်တိုဘာ (၇)ရက် နေ့တွင် ထောင်ဒဏ် (၁၂)နှစ် ချမှတ် လိုက်သည်။

၎င်းသည် သမီးဖြစ်သူအား ကာလ ရှည်ကြာစွာ ခြိမ်းခြောက် အနိုင်ယူ မုဒိမ်းကျင့်ခဲ့ပြီး သမီးမှာ ၎င်းနှင့် သားသမီး (၂)ဦးပင် ရရှိခဲ့သည်။ ဗြိတိန် တရားရေး ဌာနသည် အမျိုးသမီး၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သော အနေနှင့် တရားခံ၏ အမည်ကို ဖော်ပြထားခြင်း မရှိပေ။

ချမ်းစဖို့ထ် ခရောင်း တရားရုံးတွင် တရားသူကြီး ဒေးဗစ်တာနာ က အသက် (၆၈)နှစ်ရှိ တရားခံသည် သမီးဖြစ်သူအား ရုပ်ပိုင်း သာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက် ညစ်နွမ်းစေခဲ့ကြောင်း၊ ၎င်းသည် လူ့ကျင့်ဝတ် စည်းမျဉ်းများအား သစ္စာဖောက်ခဲ့ကြောင်း ပြောဆို  စွတ်စွဲ သွားခဲ့သည်။

၎င်း၏ သမီးသည် ယခုအခါ အသက်(၄၅)နှစ် ရှိနေပြီး သူမ (၁၂)သမီး အရွယ်ကတည်းက ဖခင်၏ သားကောင်ဘဝ ရောက်ခဲ့ ရရှာသည်။ သူမတွင် အသက် (၁၆)နှစ်နှင့် (၁၃)နှစ် အရွယ် သားသမီးများရှိပြီး ၎င်းတို့သည် ဖိုးအေ တဖြစ်လဲ မုဒိမ်းကောင်၏ သားသမီးများလည်း ဖြစ်လာခဲ့ရသည်။

သမီး ဖြစ်သူသည် အသက်(၄၀) အရွယ်ထိ မုဒိမ်းကျင့် ခံနေရပြီး (၂၀၀၅) ခုနှစ်ကျမှ သားသမီး (၂)ဦးကို ခေါ်ကာ အိမ်ခွဲ နေလိုက်သောကြောင့် ဖခင်လက်မှ လွတ်မြောက်သွားခြင်း ဖြစ်သည်။ မုဒိမ်းသမား၏ ဇနီးဖြစ်ပြီး မိန်းကလေး၏ မိခင်ဖြစ်သော အမျိုးသမီးသည် ၎င်း၏ ခင်ပွန်းနှင့် (၁၉၉၃) ခုနှစ်ကတည်းက ကွာရှင်းခဲ့ပြီး (၂၀၀၅) ခုနှစ်က ကွယ်လွန်သွားကြောင်း လန်ဒန်ထုတ် သတင်းများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here