တိုင်ဖွန်းမုန်တိုင်း မယ်လာ မနက်ဖန် ဂျပန်နိုင်ငံသို့ ဝင်မည်ဟု မျှော်လင့်ရ

alt

တိုင်ဖွန်း မုန်တိုင်းကြီး မယ်လာသည် ဂျပန်နိုင်ငံ တောင်ပို်င်းသို့ ဦးတည် လာနေသော်လည်း ကုန်းတွင်း ၀င်ရောက် ချိန်တွင် Cateogry 2 အဆင့်ထိ အင်အား လျော့နည်း သွားမည်ဟု ဂျပန် မိုးလေဝသ ပညာရှင်

များက မျှော်လင့်လျှက် ရှိကြသည်။

အောက်တိုဘာ (၈)ရက် နေ့တွင် တိုကျိုမြို့ အနောက် တောင်ဘက်သို့ ၀င်ရောက် လာဖွယ်ရှိသည့် မုန်တိုင်းကြီးသည် ကုန်းတွင်း ၀င်ချိန်တွင် လေတိုက်နှုန်း (၁၀၀) အောက် အထိ ကျဆင်း လာဖွယ်ရာ ရှိနေသည်။ မယ်လာသည် ကျူရှူး ကျွန်းပေါ်ရှိ ကာဂိုရှီးမား မြို့ထံ ဗဟိုပြုလျှက် ရှိကာ မုန်တိုင်းသည် အောက်တိုဘာ (၈)ရက်နေ့ နံနက်(၃) နာရီ ၀န်းကျင်တွင် ရှိကိုကူး သို့မဟုတ် ကျူရှူးကျွန်းသို့ ၀င်ရောက်ဖွယ်ရှိကြောင်း ပညာရှင်များက ကြိုတင် သတိပေးထားသည်။

ထို့အပြင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် လာနိုင်ကြောင်းကို ဒုတိယ အမြင့်ဆုံး အဆင့်အဖြစ် တပ်လှန့် နှိုးဆော်ထားသည်။ တိုကျိုမြို့ အနောက် တောင်ပိုင်းနှင့် ပတ်ဝန်းကျင် ဒေသများတွင်လည်း လျှပ်စစ် မုန်တိုင်းများ အကြီးအကျယ် ကျရောက်နိုင်ကာ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကို ကြံုရနိုင်ကြောင်း ကြိုတင် ကြေညာထားပြီ ဖြစ်သည်။

ဂျပန် လေကြောင်းလိုင်းသည် မုန်တိုင်းကြီး ၀င်ရောက် တိုက်ခတ်မည့် အချိန်တွင် ပျံသန်းပြေးဆွဲရန် စီစဉ်ထားသော ခရီးစဉ် (၂၈)ခုကို ကြိုတင် ဖျက်သိမ်းထားလိုက်ပြီ ဖြစ်သည်။ ဂျပန် အစိုးရက မုန်တိုင်းကြောင့် အပျက်အစီး ကြီးကြီးမားမား ဖြစ်ပေါ်လာမည်ဟု မျှော်လင့် ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here