ကမာ္ဘ့အမြန်ဆုံး ကုန်နှင့်ရေသွား အကွာတို မော်တော်ကား ထုတ်လုပ်နိုင်ပြီ

alt

ကားချစ်သူများ အနေနှင့် ၎င်းတို့၏ ဂုဏ်ယူစရာ ဖယ်ရာရီ နှင့် ပေါ်ရှေး ကားများကို အကွာတို ကြောင့် မေ့ပစ် လိုက်သင့်ပြီ ဖြစ်သည်ဟု အမေရိကန် ကားကုမ္မဏီ တခုမှ ပြောကြား လိုက်သည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှ WaterCar ကုမ္မဏီသည် ကမာ္ဘပေါ်တွင် မြန်နှုန်း အမြင့်ဆုံး ကုန်းနှင့်ရေသွား အကွာတို မော်တော်ကားကို ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

Aquato ဟုခေါ်သော ကုန်းရောရေပါ မောင်းနှင်နိုင်သည့် မော်တော်ကားများ အနက် ယခုကားသည် အမြန်ဆုံးဖြစ်ပြီး၊ Python ဟု အမည်ပေးထားကာ လူ(၅)ဦး အထိ လိုက်ပါနိုင်သော မော်တော်ကားမှာ ရေထဲတွင် တနာရီ မိုင်(၆၀)နှုန်း အထိ လျှင်မြန်စွာ ခုတ်မောင်းနိုင်သည်။

ယင်းသည် စပိဘုတ် အတော် များများထက် ပိုမြန်သော နှုန်းလည်းဖြစ်သည်။ ကုန်းပေါ်တွင် ချက်ဗလက် ကုမ္မဏီထုတ် V8 အင်ဂျင်ကို အသုံးပြုထားသည့် Python သည် မြင်းကောင်ရေ (၆၄၀) နှုန်းကြောင့် တနာရီလျှင် မိုင်(၁၀၀)ကျော် မောင်းနှင်နိုင်သည်။ ရေထဲဲတွင်မူ မော်တော်ကား၏ အင်ဂျင်စံနစ်မှာ Dominator Jet အဖြစ် ပြောင်းလဲသွားပြီး မြင်းကောင်ရေ (၅၀၀) အားဖြင့် ပေါင်(၃၈၀၀) လေးသောယာဉ်အား တွန်းအား ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

မော်တော်ကား၏ ဈေးနှုန်းမှာ ပေါင်စတာလင် (၁၂၅၀၀၀) အထိ ကျသင့်မည် ဖြစ်သော်လည်း လူအများ၏ အာရုံကို ကြီးကြီးမားမား ဆွဲဆောင်နိုင်ဖွယ် ရှိနေသည်။ ကုမ္မဏီက ၎င်းတို့ကားအား အော်ဒါ မှာယူသူများသည် စိတ်ကြိုက် အရောင်ကို အဆိုပြုနိုင်ပြီး အရောင်ပေါင်း (၄၀၀၀)ကျော်ကို ရွေးချယ်ခွင့် ပေးမည်ဖြစ်ကြောင်း ကြေညာထားပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here